Friday, January 27, 2012

ငါ့အမြင်နဲ့ ငါ့အလွဲ

မြက်ရိုင်းစံ 28.12.2011

သူတို့လည်း သူတို့မျက်လုံးလေးတွေနဲ့

တိုင်းထွာကြည့်ကြတယ်

အလျှာအနံတာ မသိတာ

ကြားကခန့်မြန်မြန်လေး နေရာတော့ယူတက်ကြမြဲ။

ငါက အနင်းခန်တဲ့ မြက်ရိုင်းပါ

နှင်းငွေ့တစ်ပွင့် မြေကြီး လက်တဆစ်ကပဲ

ငါရှင်သန်မဲ့ အားဆေး..

တိုက်ပွဲတွေနဲ့ ဘ၀မှာလည်း အလံမမြဲပါဘူး

အနေနည်းနည်း လွဲတာနဲ့ ပြုတ်ကြ

ဘ၀ဆိုတာ တည်ဆောက်နေတာပဲ

လန်းပါတယ်။

ခြေင်္သေ့တွေ ဟိန်းဟောက်တာနဲ့

ကျပ်ငွေတွေ ဖောင်းပွသွားခိုက်

လူသားအရင်းအမြစ်တွေ

နိုင်ငံတကားသို့ လျှံထွက်

အခွန်တွေမျှပေးရင်းနဲ့ ပြက္ခဒိန်တွေ ကွာကြကုန်တယ်။

စနစ်တွေနဲ့ အဖြစ်တွေကြားမှာ

ဟိုပလံ သည်အကြံတွေ ရေးမှတ်

ခေါက်ရိုးကျိုးသွားတဲ့ စာရွက်ပေါ်မှာတော့ ခြစ်ရာတွေအပြည့်(ကျက်ခြေခတ်)

ဦးနှောက်ထဲကလည်း ဖြစ်နိုင်တာတွေ ယိုစိမ့်။

အခုတော့ရှင်းသွားပါပြီ။(နတ္တိ)

ငါဘာလုပ်နေတယ်ဆိုတာ ငါမသိလိုက်ချိန်မှာပဲ

ငါဘာလုပ်တယ်ဆိုတာ ငါသိလိုက်တယ်

ငါ့နားရင်းတော့ ခပ်ပြင်းပြင်းလေး မတီးလိုက်ပါနဲ့

ငါ့အမြင်နဲ့ငါ လျှောက်နေတာပါ။

ငါစိုက်ထားတဲ့မြက်ခင်း ငါနင်းးကြည့်တာပါ။

စံဂျူး


Tuesday, January 24, 2012

ဖေဖေထွင်တဲ့ “အယူ”( ၀ါ ) ရိုးရာ

(၁)အဖေ ဘယ်ကနေဘယ်လို ငှားလာတယ်မသိတဲ့ လော်စပီကာ နဲ့ သီချင်းကြီးသီချင်းငယ်တွေ ရပ်ထဲရွာထဲကို ဖိတ်လျှံ၊ နားမခံသာအောင် ဖွင့်ထားပေမဲ့ ငြိုငြင်သူမရှိ။တစ်ယောက်စနှစ်ယောက်စ ကလေးပေါက်စန တွေပါမကျန် တစ်ဖွဲဖွဲ ရောက်လာကြပြီ။ဒီနေ့က ကျနော်တို့အိမ်မှာမင်္ဂလာ ရှိသောနေ့ တနေ့ပါ။ အခုမင်္ဂလာပွဲကိုရောက်လာတဲ့ အရောင်သွေးစုံ ဧည့် သည်တွေ သတို့သားဘက်က ဆွေမျိုးမိတ်သင်္ဂဟတွေ ကျနော့်တို့အမျိုး တွေ တစ်ယောက်နဲ့တစ်ယောက်ငါကဘယ်သူနင်ကသူလားစတဲ့ပေါ်လစီ မိတ်ဖွဲ့မှုတွေ၊ ကြုံတုန်း လူစုံတုန်း အတင်းတွေ သတင်းတွေ မဲ့ကာရွဲ့ကာ ဖေါက်သည်ချနေသူတွေ၊ သူထက်ငါ အလှပြိုင်နေတဲ့ ကာလသမီးပျိုတွေ။ သိန်းကျော်တန် ရွှေတွေ ကျောက်တွေ ပြိုးပြိုးပြတ်ပြတ်ဝတ်ပြီးလက်ဖွဲ့ငွေ တစ်ရာနဲ့ မိသားစုလိုက်ချီတက်လားတဲ့ အထည်ပြီးသမားတွေ၊ အ၀တ်အ စား တစ်ပတ်ဟောင်းနဲ့ စိတ်ကောင်းတဲ့ ရပ်ကွပ်ထဲကလူလတ်တန်းစား တွေ၊ ကြည့်ပျော် ရှုပျော်အောင်ဝတ်ပြီး မင်္ဂလာပွဲကို အားရပါရ ကူညီကြ နေသူတွေ၊ ရသာစုံ တည်ခင်းနိုင်ဖို့ အချက်အပြုတ်ကို ဒိုင်ခံလုပ်နေတဲ့ ရွာ ထဲက အလှူဟင်းသူကြီး ကိုကို ကာလသားနဲ့ မမအပျိုဟိုင်းကြီးတွေ။တစ် ချက်တစ်ချက် သတိုးသမီး အလှပြင်အခန်းထဲက စပ်စုတက်တဲ့ အပျိုဖေါ် တစ်စုနဲ့ အလှဖန်တီးရှင်တို့ရဲ့ ခိုးခိုးခစ်ခစ် ရယ်သံတွေ ဆည်းလည်းသံလို ပျန့်လွှင့်။ နေရာမလပ် လူတွေကပြည့်ကြပ် အသံဗလံတွေက နိပ်ဆက်ရှုပ် ရှက်ခပ်နေချိန်မှာ ကျနော့်ဖေဖေတစ်ယောက် ချွေးတီးချွေးပေါက်နဲ့ ဟိုလူ အုပ်ကြားဝင် ဒီလူစုကြားတို့ဝေ့ သည်စားပွဲဟိုစားပွဲတွေလိုက်လန် အလုပ် ကြီးအကိုင်ကြီး “ကြောင်” လိုပ်ဖမ်းနေတယ်။လူတွေ တဒင်္ဂ ရုတ်ရုတ်သဲ သဲ ဖြစ်သွားပေမဲ့အဖေ့ ရဲ့ ပျာရာခတ်နေပုံကိုဟားတိုက်နေရုံမှတစ်ပါး ၀ိုင်း ကူသူနတ္တိ။ မောမောပန်းပန်း အရှက်ကွဲခန်ပြီးဖမ်းမိတဲ့ ကြောင်မ။ ဒေါသ ထွက်ထွက်နဲ့ကြောင်မကို ဂုတ်ကဆွဲ သူ့ အိပ်ခမ်းထဲယူသွားပြီး ကျနော့ကို ကြက်ခြံထဲ က ကြက်ခြင်းအ လွတ်တစ်လုံးကျနော့ကိုယူခိုင်းပြီးကြောင်ကို ကြက်ခြင်းထဲထည့်ပိတ်ထားလိုက်ပြီး ခတ်တည် တည်ပဲ ပြန်ထွက်လာ တယ်ရင်ထဲကဒေါသတွေကတော့ခုန်ပေါက်လို့……

(၂)နာမည်က စနေမ။ မျောက်နဲ့စပ်မွေးထားသလား ထင်ရ အောင်ကမြင်းတယ်။လေတိုက်လို့ လွှင့်နေတဲ့ ခန်းစည်းစတွေ ဖွားဖွား ထိုးနေကျ သိုးမွှေးလုံးတွေက သူ့အတွက်ကစားကွင်း။ အဖေဘယ်ကနေ ယူလာတယ် တော့ ကျနော်မသိဘူး နေတက်လေတက် စနေနေ့တစ်ရက် မှာ ရောက် လာလို့ ထင်ပ ရှေးအယူကို ဖတ်တွယ်တဲ့ မေမေနဲ့ ဖွားဖွားက ချစ်စနိုးနဲ့ “စနေမ” လို့ကင်ပွန်းတက်ပေးခံရတဲ့“ကြောင်”ဒါပေမဲ့ငယ်ငယ် လေးကတည်းကကိုကျနော့အတွက်ချစ်မွှေးပါမတဲ့ကြောင်၊မိသားစုထမင်း ၀ိုင်းဆိုလည်း တစ်ညှောင်ညှောင် ။ ညအိပ်ရင်လည်းဂေါဂီးခေါခီးနဲ့ရင်ကြပ် သူ့အမွှေးတွေလည်း တစ်အိမ်လုံး ပြံ့နှံ ကြွက်မြင်ရင်လည်းလှန့်တက်သေး တယ်။ ညှောင်..ညှောင်..အော်လို့တာ ကြောင်လို့ကျနော်ခေါ်တာတကယ် တန်းတော့ ကြောင်တစ်ကောင်းရဲ့အရည်အချင်းမပါတဲ့ကြောင်ဘော်ကျော့ ကုတင်ပေါ်မှာမှ ကျကျနနအိပ်တယ်။တစ်အိမ်လုံးကတော့ချစ်နေတာတုန် လို့ တစ်ရွာလုံးမှာတစ်ကောင်ထည်း ရှိတဲ့ ရှာပါးပစ္စည်း။ကျနော့်မှာအမသုံး ရောက်ရှိပေမဲ့ ညီနဲ့အကိုမရှိတဲ့ အငယ်ဆုံးသား။ ဒါပေးမဲ့ ကြောင်လောက် အားလုံးရဲ့ချစ်ခြင်းကိုအပြည်အ၀မရဘူး။ ဒီကြောင်ရောက်လာ ကတည်း က ကျနော်ရနေကျ အလိုလိုက်ခံရခြင်း။ ကျနော့အပေါ်ချစ်ခြင်း၊ ကရုဏာ ထားခြင်းတွေက သူကို ခွဲတန်းပေးလိုက်ရတယ်။ သူ့ပဲဟိုလူချီသည်လူပွေ့ ဖွားဖွားကလည်းစနေမမှစနေမ။အိမ်ရှေ့ဖျတ်လျှောက်သွားသူတွေတောင် “စနေမရေ… စနေမ မှီးမှီး”ဆိုပြီးနှုတ်ဆက်သွားကြသေး။အဖေပြီးရင်ကျား ဆိုလို့ကျနော်ကောင်းထဲ.. (အဲဟုတ်ဘူး)တစ်ယောက်တည်းရှိတာတောင် ကြောင်ရှိတော့ ကျားအမွှေးကျားအသွေးက မေးမှိန်သွားရပြီ။့ ကျနော် စနေမကို အမြင်ကတ်တယ်။လစ်ရင်လစ်သလို ၀ပ်းကစ်တော့ ပေးမြဲမို့ အိပ်မှာလူရှင်းရင် ကျနော့အနား သိပ်မကပ်ဘူး။ထမင်းစားချိန် မုန့်စားနေ ချိန်မှာတော့ ဝေစုတောင်းဖို့ လာလာညှောင်တယ်။ကြွက်ကလွဲရင် လူစား သမျှ ငရုတ်သီးရှောင်ပြီး အကုန်စားတဲ့ အစုံစားသတ္တ၀ါ။ သားသက်လွှတ် တော့ ရာသက်ပန် ဘုရားလှူထားတယ်ထင်ပ။အခုလည်းကြည့်လေး မင်္ဂ လာဆောင်ကစတောင်မစရသေးဘူးပူစီပေါင်းတွေသူလိုက်ဖောက်နေတာ နဲ့ တဘောင်းဘောင်းကွဲနေပြီး။ လေတိုက်လို့ရိမ်းနွှဲ့နေတဲ့ဖဲကြိုးတွေလည်း လိုက်လိုက်ဆွဲခြနေတာ ယာယီဟန်ဆောင်ပန်ဆောင် အလှစင်ကပ်ထား တဲ့ ဖဲကြိုးစတွေလည်း တစ်ဗျစ်ဗျစ်နဲ့ ကွာကြ မိဘတွေနဲ့ မင်္ဂလာဆောင် လိုက်လာတဲ့ ကလေးတွေလည်း သည်ကြောင်ကို အတင်းလိုက်ဖမ်းကြ ပြေကြလွှားကြနဲ့ကြောင်က စားပွဲပေါ်တွေတက်ပြေး အလှပန်းအိုးတွေ ခွက်တွေပန်းကန်တွေ ကျကွဲ တစ်အိမ်လုံးဗောင်းဆန်နေတာပဲ။ဒါကြောင့် ဖေဖေကဒီကြောင်ကိုမရမကလိုက်ဖမ်းပြီးကြက်ခြင်းထဲလောင်ပိတ်ထားလိုက်တယ်။

(၃)အလိုက်မသိ ကြောင်သဲသဲလှုပ်ချစ်တဲ့ မေမေက ကြောင့်ကို ဖမ်းပြီး ကြက်ခြင်းထထဲထည့်လှောင်တာမြင်တော့ ဖေဖေ့ကိုဆူပြီ။ မေမေ့ ကိုငယ်ကြောက်ဖြစ်တဲ့ဖေဖေက မင်္ဂလာဆောင်လုပ်ရင်ကြောင်ကိုဖမ်းပြီး ကြက်ခြင်းထဲထည့်ထား မှ ဒီမင်္ဂလာဆောင်က မင်္ဂလာရှိရှိ ပြီးဆုံးရတယ် မဟုတ်ရင်မကောင်းဘူး၊ ၀ရုန်းသုန်းကားနဲ့ အ မင်္ဂလာဖြစ်လိပ်မယ်လို့ ကြောက်ကြောက်နဲ့ရှင်းပြတယ်။မေမေက ဇောတကတက် မေးခွန်းထုတ် တယ် ဒါရှင်တို့အယူလား?။ဖေဖေကလည်းနားအေးရင်ပြီးရောဟုတ်တယ် ငါတို့ အယူလို့ရမ်းအဖျီး။ သူ့သားအကြောင်းသီတဲ့ဖွားဖွားက ပြုံးတော်မူ ၏။ အယူသည်းတဲ့ မေမေက သြော်ဒီလိုလားတဲ့။ ဒီလိုနဲ့ ကြောင်ရဲ့ နောက်ရှက်ဖျတ်စီး ကမျင်းခြင်းကင်းစွာနဲ့ ကျနော့်မမကြီးရဲ့ မင်္ဂလာ ဆောင်လေး မင်္ဂလာရှိသွားတယ်။ သိပ်မကြာပါဘူး ကျနော့ယောက် ဖရဲ့ညီက ကျနော့မမ နံပတ်နှစ်ကိုလာတောင်းတယ်။လူကောင်သူကောင်း သူဌေးလောင်းလေးဆိုတော့ ဖေဖေနဲ့ မေမေက သဘောတူ ရွှေလမ်းငွေ လမ်း နှစ်လမ်းမြောက် ထပ်ဖောက်လိုက်တယ်။ ကျနော်လည်းရွှေလမ်းငွေ လမ်းဟာ နှစ်လမ်းသွားဖြစ်လာအောင် သူတို့ညီးမ ကျနော်နဲ့သက်သူရွယ် တူ ဆက်စလူးစိန်လေးကို ကြာပစ်ထားလိုက်တယ်။ မင်္ဂလာဆောင်ကို မ မကြီးအတိုင်းပဲ ကျိတ်ကျိတ်သဲ ရွာလုံးကျွတ် မီးခိုးတိတ် ဖိတ်ကျွေးတယ်။ မင်္ဂလာဆောင် မစခင်ပဲ အိပ်က စနေမ ကြက်ခြင်းထဲ ခေတ္တ ထိန်းသိန်းခံ လိုက်ရပြီ။ အမျှော်အမြင်ကြီးတဲ့ဖေဖေ တစ်ခါသေဖူးပျဉ်ဖိုးနားလည်း ဆို သလိုပေါ့ အရင်မင်္ဂလာ ဆောင်တုန်းက ကြောင်ရဲ့နှောက်ရှက်ကမျင်းမှုမျိုး နောက်တစ်ခေါက် ထပ်မဖြစ်ရ အောင်၊နောက်တစ်ခေါက် မကြီးမငယ်နဲ့ အရှက်မကွဲရအောင်ပေါ့။ မေမေကမေးခွန်း ထုတ်ပြန်ပြီး ဖေဖေမှာလည်း လူရှုတ်သူရှုတ် စိတ်ရှုတ်နေချိန်ထင်ပ၊ အရင်းအတိုင်းပဲ ရမ်းဖျီးတယ်။ ငါ တို့ မှာအယူရှိတယ်ကွ မင်္ဂလာဆောင်ရင် ကြောင်ကိုဖမ်းပြီးကြက် ခြင်းထဲ ထည့်ထားမှ ဒီမင်္ဂလာဆောင်က မင်္ဂလာရှိရှိ ပြီးဆုံးရတယ်မဟုတ်ရင်ဝရုန်း သုန်းကားနဲ့ အမင်္ဂလာဖြစ်လိပ်မယ်တဲ့။ အယူသည်း တဲ့ မေမေကတော့ သြော်…ဟုတ်လာ နဲ့ ငြိမ်သွားတယ်။မင်္ဂလာပွဲလည်း အရင်အ တိုင်းစည် စည်ကားကား စားသွားကြတာ အိမ်နောက်ဖေးမှာ ကြက်ရိုးဝက်ရိုးတွေ တောင်လိုပုံလို့။ကျနော်နဲ့မမငယ်လည်း ကလေးပီပီ စော့ရင်းစားရင်း.. ရင်ထဲမှာ ဟာသွားတဲ့ မမနှစ်ယောက်ရဲ့ပုံရိပ်တွေ အတိတ်မှာပဲ တစ်ဖြေး ဖြေး တငွေ့ငွေ့ တရိပ်ရိပ် အချိန်တွေနဲ့အတူ ပြောက်ကွယ်သွားကြပြီ။

(၄) ကျနော်လည်း ဆယ်ကျော်သက် သစ်ရွက်ကြွေ တိုင်ရင်ခုန်တက်တဲ့ အရွယ်ရောက်တုန်း ဖေဖေရုတ်တရက်ဦးနှောက်သွေး ကျောပြတ်ပြီးဆုံးသွားတယ်။ ကျနော်တို့ရဲ့မိသားစုထမင်းဝိုင်းလေးမှာ တစ် ခုံလစ်လတ်သွားပြန်ပြီ။အိမ်ဦးနတ်ရွှေတောင်းကြီးပြိုသွာတဲ့နောက်ကျနော့ စီ အဖေဖေ့နေရာ ဖေဖေ့တာဝန်တွေ အလို လိုရောက်လာပြီပေါ့။ ဖွားဖွား လည်း ဖေဖေ့ရဲ့စိတ်နဲ့ အိမ်ယာထည်းလဲနေပြီ အသက် ကလည်းကြီးလာ ပြီလေ။ဖေဖေ့အလုပ်တွေကိုကျနော်ဥိးဆောင်လုပ်ရင်အိပ်ချိန်မှာ အိမ်ပြန် လာ မိုးလင်းရင် မနက်စာစားပြီး အလုပ်ပြသွားလိုက်နဲ့ မိသားစုအတွက် ရုန်းကန်နေရပြီးမမငယ်ကလည်းအလုပ်လုပ်ရင်းအဝေးသင်ကျောင်းဆက် တက်နေတယ်။အိပ်က စနေမလည်း သက်တန်းကုန်သွားပြီ။မေမေက ကျ နော်တို့အတွက် ချက်ရပြုတ်ရ လျှော်ရဖွတ်ရ လူမမားဖွားဖွားကို ကြည့်ရနဲ့ မအားနိုင်တော့ စနေမ ရဲ့နေရာမှာ အစားထိုးဖို့ စနေထီးကော မိညှောင် ရော ထက်တစ်ကောင် မရှာဖြစ်တော့ပါဘူး။ကျနော်မှာ တစ်ရန်အေးသွား ပေမဲ့လူကြီးစိတ်ဝင်နေပြီဆိုတော့ စနေမကိုမေ့မေ့ ပြောက်ပြောက်ပါပဲ။သီး ချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလိုပါပဲ ကျနော့မမငယ်ကသူတို့အလုပ်က လုပ်ဖော်ကိုင်ဖတ် အကိုကြီးနဲ့ ရည်ငန်နေကြရင်း ကောင်လေးဖတ်ကမိဘ တွေ မမငယ်ကိုလာတောင်းတယ်။ချမ်းသာတဲ့ လူတန်းစားတွေမဟုတ်ပေ မဲ့ ရိုးရိုးသားသာကြိုးစားသူတွေဆိုတော့ မေမေကသဘောတူလိုက်တယ်။ မမ ကြီးမမလတ်တို့လို သူဌေးသားတွေနဲ့မင်္ဂလာဆောင်တာမဟုတ်တော့ ကောင်လေး ဘတ်က သိပ်ကြီးကြီးကျယ်ကျယ် မလုပ်ပေးနိုင်တော့ မကြီး နဲ့မမလတ်က ငြိုငြင် ချင်တယ်။မေမေ့အမျိုတွေကလည်း ဂုဏ်မှတ်တော့ မင်္ဂလာ ပွဲကို ကတောက်က စလုပ်ခြင်တယ်။ဘာပဲဖြစ်ဖြစ် အိမ်ထောင်ကျ ဖို့ အရွယ်ရောက် နေသူတွေလည်း ဖြစ်ချစ်သူသမီးရည်းစားတွေလည်းဖြစ် နေတော့ ဘယ်သှူ့အာဏာမှသက်ရောက်မှုမရှိနိုင်ခဲ့ဘူး။ကျနော်ကမမငယ် ဘက်က မမငယ်ရဲ့ဘက်တော်သား။ သူနဲ့ကျနော်က ငယ်ငယ်လေးက တည်းက ဆိုးတူကောင်းဖက် အတူတူနေလာရတာ မမငယ်ကိုကျနော်က မမကြီးမမလတ်တို့ထက်သံယောဇဉ်ပိုကြီး တာပေါ့။ကျနော်လည်း ဖေဖေ့ လိုပဲ ရွာထဲက လော်စပီကာငှားလိုက်ပြီး အိမ်ရှေ့သစ်ပင်မှာချိတ် တိတ် ဆိတ်နေတဲ့ ရပ်ကွပ်ကို လှုပ်နိုးလိုက်တယ်။ကာလသားတွေ ကလေးတွေ အိမ်ရှေ့ မှာပုံနေပြီ ပူစီဖေါင်းမှုတ်သူမှုတ် ဖဲပျားတက်သူတက်ထမင်းဟင်း ချက်သူချက်နဲ့ မမငယ်ရဲ့မင်္ဂလာဆောင်လည်းအသက်ဝင်လာတော့တယ်။ နေ့လယ်မင်္ဂလာချိန် စလုလုမှာပဲ မမလတ် ဖေဖေ့အခန်းထဲက ပြူးတူးပြာ တာထွက်လာတယ်။ မေမေ့နားအသာကပ်ပြီးဘာတွေပြောနေတယ်တော့ မကြားလိုက်ရဘူး ။မေမေချက်ချင်းမျက်နှာပြတ်သွားတယ်၊မျက်လုံးပြူး လာတယ်မျက်နှာရုတ္တရက်အိုစာသွားတယ်။ဖေဖေ့အခန်းထဲပြေးဝင်သွားလိုက်ပြန်ထွက်လာလိုက် အိမ်နောက် ဖေးကြက်ခြံဘက်ဝင်သွားလိုက် ၊အိမ်ရှေ့ထွက်ပြီးဟိုဘက်အိမ်သွားလိုက်၊ ဒီဘက် အိမ်လာလိုက် ၊ရပ်ကွပ် လမ်းတစ်လျှောက်ပြေးကြည့်လိုက်နဲ့ တစ်ယောက်ထည်း ယောင်ချာချာ ဖြစ်နေတယ်။မမကြီးနဲ့ မမလတ်က တစ်ကိုတစ်ယောက် ပုခုန်းခြင်း ဖတ် ရင်း စကားတွေ ပွစီပွစီပြောနေကြတယ်။ကျနော်လည်းသိချင်တာနဲ့မေမေ့ လက်ကိုအတင်းလိုက်ဆွဲပြီး မေမေဘာဖြစ်နေတာလည်းလို့ မေးတော့ “ကြောင် လေ..ကြောင်..ငါတို့မှာ ကြောင်မရှိဘူး”။ “အင်လေ ကြောင်မရှိ တော့ ဘာဖြစ်လို့ လည်း မျက်စိတောင်အေးသေးတယ်” “နင်မသိပါဘူး ဒီမင်္ဂလာဆောင်မှာကြောင်မ ရှိလို့မဖြစ်ဘူး” “ဘာဆိုင်လို့လည်းအမေရဲ့ ကြောင်မရှိတာနဲ့မင်္ဂလာဆောင်မဖြစ်တာနဲ့”ကျနော် မတွေးတက်အောင် ဖြစ်သွားတယ်။အပြင်မှာကျနော်နဲ့အမေ စကား အခြေအတင်များနေခိုက်၊ အင်္ဂလာမဏ္ဍပ်ပေါ်က ဗိတ္တိပ် ဆရာက အသံဝါ၀ါကြီးဖိညစ်မင်္ဂလာဆောင် အဖွင့် “အောင်..စေ..ရတု အောင်ရတု ပပမင်္ဂလာ” မဆုံးလိုက်ပါဘူး မမ ကြီးက ပြေးပြီး ဗိတ္တိပ်ဆရာ ဟို့ထားဟို့ထား မင်္ဂလာပွဲစလို့မရသေးဘူးရပ် လိုက်လိုက်။ဧည့်သည်တွေခေါင်းထောင်လာပြီး။ဘာလည်းဘယ်လိုလည်း ဘာဖြစ်ကုန်တာလည်း ဟိုတစ်မျိုး ဒီတစ်မျိုးဆပ်စုလာကြပြီး။ ဗိတ္တိပ်ဆရာ ရဲ့ အောင်စေရတုသံကြားလို ပြုံးပြုံးကြီး ထွက်လာတဲ့ မမငယ်၊ ဆင်ဆွယ် ရောင် သူတိုးသမီးဖက်ရှင် ငွေအိုရောင် ဒေါက်မြင့်ဖိနပ်၊ ဆင်မယဉ်သာ ခြေလှန်းနဲ့ သတိုးသားကိုလက်ချိန်ပြီး မဏ္ဍပ်ထဲဝင်အလာ။အပြုံးတို့ သက် တန်းမရှည်လိုက်ခင်မှာပဲ မမလတ်က မမငယ်ကိုပြေးဆွဲတယ်။မေမေက မင်္ဂလာဆောင်ပွဲပရိတ်သက်ဘက်ကိုလှည့် ပြီး အသံတုန်တုန်ရင်ရင်နဲ့ မင်္ဂ လာပွဲဖြတ်သိမ်း ကြောင်းကြေငြာသံ ဟိန်းထွက်။ လူတွေရုန်ရုန်သဲသဲထင် ကြေအမျိုးမျိုး။ မေးခွန်းတွေတစ်ဖွဲဖွဲ။သတိုးသားရဲ့မယားအကြီးရောက်လာ လို့လား၊ ယောင်္ကျားမစစ်လို့နေမှာ၊ တင်တောင်းမဲ့ခန်းဝင်ပစ္စည်းတွေမပေး သေးလို့ပါ။ရှုတ်ကုန်ပြီး။သတိုတားဘက်ကမိဘဆွေမျိုးတွေမာန်ဖိးလာပြီး။ ဘာလို့ မင်္ဂလာပွဲဖြတ်သိမ်းရတာလည်း ကျမတို့သားမှာ ဘာအပြစ်ရှိလို့ လည်း။ဘယ်သူ စီကမှအဖြေထွက်မလား။သတိုးသားအမှားမရှိ။ “ငါတို့ကို အရှက်ခွဲတာလား ငါတို့က ငွေပဲမရီတာ အရှက်သိက္ခာတော့ ဖောဖောတီ တီရှိတယ်ဟေ့။” ရန်ပွဲဖြစ်လုလု၊ မမကြီးက ခေါင်းကုတ်ပြီးပြောရှာပါတယ် မင်္ဂလာပွဲဖြတ်ရတာ အိမ်မှာကြောင်မရှိပါ။အန်..ဘားမှလည်းမဆိုင်ပါလား။ ဘယ်ကထွက်လာတဲ့အသံလည်းတော့မသိ။ မေမေက ရိုးရိုးလေးရှင်းပြ တယ်။ကျမတို့မျိုးရိုးရဲ့အယူကမင်္ဂလာဆောင်ရင်ကြောင်တစ်ကောင်ကိုဖမ်း ပြီး ကြက်ခြင်းထည်းတည့်ထားရတယ်။ မလုပ်ရင်ခိုက်တယ်မင်္ဂလာပွဲမဖြစ် မြောက်ဘူး။ဒါဖေဖေ့စကာရဲ့ ကော်ပီမဟုတ်။အလိုလိုက သတိုးသားကိုမ ကြည်တဲ့ မေမေ့အမျိုးတွေက ဟုတ်တယ်အဲ့လိုမလုပ်ရင် ဒီမင်္ဂလာမမြဲဘူး ကလေးလည်းမရ နိုင်ဘူး ဒါသူတို့ရဲ့ရှေ့ထုန်း ။မပယ်ရ။ ကွတ်ပြန်ပြီး။ကား လာပြီး။ကျနော်ကမန်းကတန်းဝင်ရှင်းပြတယ်။ဟုတ်ရပါဘူးအိမ်ကကြောင် ကဆိုးလို့အဖေကဖမ်းပြီးကြက် ခြင်းတဲထည့်ထာတာပါကျနော်သိပါတယ်။ ကျနော်ကွပ်ကွပ်ကွင်းကွင်း ပြန်မြင်ယောင်လာတယ်။ မမကြီး၊မမလတ်တို့ ရဲ့ မင်္ဂလာဆောင်၊ စနေမရဲ့သောင်ကျန်းပုံ။ သြော် စနေမ အခုအထိဂြိလ် မွေတုန်းပါလာနော်။မမကြီးက ကျနော့်ကိုဟောက်ပြီး။ နင်လာရှာမရှည့်နဲ့ နင်ဘာသိလိုလည်း ။ငါတို့တုန်းကလည်းကြောင်ကိုဖမ်းပြီးကြက် ခြင်းထဲ ထည့်ထားလို့ငါတို့အခုအချိန်အထိမင်္ဂလာရှိရှိသားတွေသမီးတွေနဲ့ချမ်းသာ နေတာမတွေ့ဘူးလား။မမလတ်ကထောက်ခံတယ်။ဟုတ်တယ်ငါတို့ညီမကိုဒုက္ခ ရောက်မခံနိုင်ဘူး။မမငယ် ချုံးပွဲချငိုပြီး။ကျနော့်ကိုအားကိုတကြီး ကြည့်ပြီး။ ကျနော်လည်းသူတို့ကို ဘယ်လိုရှင်းပြရှင်းပြ မရဘူး။ ဟုတ်ပြီ သတ်သေဖွားဖွားရှိတယ်။အားလုံးဖွာဖွားစီ သွားကြတယ်။ အိပ်ယာထဲ လည်းနေတဲ့ဖွားဖွား,အိမ်ရှေ့ကဆူညံပူညံရန် ဖြစ်သံ တွေကြားလိုက် တည်းက စိုးရိန်စိတ်နဲ့ အမောဖောက်နေပြီး။ စကားမပြော နိုင်တော့။ အ ဖွားကိုလည်းစိုးရိန်ရပြန်ပြီ။ကာလသားတစ်ချို့ ကျောင်ရှာပုံတော်ဖွင့်ဖို့ တောင်မြောက်လူစုခွဲပြီးထွက်သွားတယ်။ရှားပါပစ္စည်း ရှာမတွေ့လို့ ပြန် မလာကြတော့။ မမငယ်ရဲ့သူငယ်ချင်းတွေလည်းအားကျမခံ “ဟိုဘက် ရွာမှာကြောင်ရှိတယ် သွားဖမ်းခဲ့မယ်ဆိုပြီုးထွက်သွားကြပြီ။မဏ္ဍပ်အောက် မှာတော့ ဓနရှင်မေမေ့အမျိုးတွေနဲ့ လက်လုပ်လက်စား သတိုးသားဘက် ကအမျိုးတွေ မျက်လုံးခြင်း အမူ အယာခြင်း အသံတိတ်စစ်ဖြစ်ကျ။ ဘာမ ဆိုင်ငြာမဆိုင် အတင်းသတင်းလွှင့်သူတွေ ကလည်းဟုတ်တယ်ငါတို့တွေ့ ဖူးတယ်ကြောင်းကိုကြက်ခြင်းထည်းထည့်ပြီး အိပ်ခန်းထဲမှာ ထည့်ထား တာ၊ဘာညာသာရကာ စားလုံးတွေ ပလုပ်ပလောင်း ဖောင်းပွ။သတိုးသား ဘက်က သိမခံနိုင်တော့ အချိန်တွေလည်းလင့်လာပြီ။ သူတို့ကို ဆင်ရဲ လို့ အရှက်ခွဲတာလို့စွပ်ဆွဲ။ဒီလောက် အယူသည်းတဲ့ အမျိုးအနွယ်နဲ့အမျိုးမ တော်တာပဲကောင်းတယ်လို့အော်ဟစ်။မေမေ့အမျိုးတွေကလည်းသူဆင်းရဲအောက်တန်းစားတွေလို့ရန်ထောင်။တစ်ဖွက်နဲ့တစ်ဖွဲကုတ်မယ်ဖဲ့မယ်၊ထိုးကြိတ်မယ်နဲ့ဝရုန်းသုန်းကား။မမငယ်ကိုမေမေ့အမျိုတွေနဲ့မမကြီးမမလတ် ကအတင်အိမ်ထဲကိုဆွဲခေါ်၊သတိုးသားဘက်ကလည်းအားကြမခံ သတိုး သားကိုဝိုင်းဆွဲ မေမေ့အမျိုး တွေက၀ိုင်အော်တယ်။ ဒီကောင်နဲ့ပေးစားမဲ့ အစား ခွေးပဲအမှီးဖြတ်ပြီးပေးစာမယ်။သတိုသား ဘက်အကြံပေးသွားပါ တယ်။ခွေးကပေါတယ် ကြောင်ပဲရှာ.. အမှီးဖြတ်ပြီးပေးစားလိုက်တဲ့။

(၅)မင်္ဂလာဗိတ္တိပ်မဆုံးခင်မှာပဲ တစ်ခုလပ်တစ်လင်ကွာဘ၀ ရောက်သွားရှာတဲ့ မမငယ်သိက္ခာတော့ နမော်နမဲ့ ကြကွဲသွားတဲ့ ရေးအိုး လို ရှက်ရွံ့ခြင်း ၊၀မ်းနည်းခြင်းတို့လည်း တစစီပွလန်ကျဲ။ မွကျေသွားတဲ့အ သည်း နှပ်တွဲလဲငိုကြွေးရင်း အိပ်ခန်းထဲပြေးဝင်တစ်ခါးပိတ်…ဂျိတ်။မေမေ တို့ မကြီးမလတ်တို့လည်း မမငယ်ထက် မမောဖေါက်နေတဲ့ဖွားဖွားအခန်း ထဲ စုပြုန်တို့ဝေ့။စနေမ မွှေသွားတဲ့ဂြိုလ်ဆိုး ဆုတ်တသပ်သပ်နဲ့ ဧည့်ပရိ သတ်တို့လည်း ဆိမ့်ထွက်။မင်္ဂလာမဏ္ဍပ်လည်း ခြောက်ကပ်တိတ်ဆိတ် ဟင်းအိုးထမင်းအိုးတွေလည်းပို့လို့ပပ်လပ် ခူခပ်သုံးဆောင်သူမဲ့။ ပူစီဖေါင်း တွေးတော့ နေပူဓာဏ်ကြော့င် ဖုန်းဖောင်း။ ထိုင်ခုံတွေမှာလည်း ထိုင်သူမဲ့ ဟောင်းလောင်း။ ဖေဖေရယ်..ဖေဖေ အမှုမဲ့အမှတ်မဲ့ ပြောခဲ့တဲ့ ဖေဖေအ ယူ…. အခုတော့ ရိုးရာ ကြောင်နတ်ဝင်ပူးသွားရင်း အမင်္ဂလာဖြစ်နေပြီးဗျ။ ကျနော် ဘယ်လိုဖြည့်တွေး ပေးရမှန်း မသိတော့။ မေမေဘာလို့ဒီလောက် အယူသည်းရတာလည်း။မေမေအမျိုးတွေကရောဘာလိုရောယောင်လိုက် တာလည်း၊တခြားလူးတွေကရော ဘာလို့ အယူဆိုတာနဲ့ ဖြစ်နိုင်မဖြစ်နိုင်မ စဉ်းစားပဲ မီးလောင်ရာလေပင့် လောင်စာဖြစ်ရတာလည်း။ ဒီအယူဆိုးကြီး ကို မိဘစိတ်ချမ်းသာအောင်ဆိုပြီး အတင်းဇွတ်မိတ်ကြိတ်ပြီးလက္ခံရတော့ မှာလား.. ကျနော်ရော အိမ်ထောင်ပြုဖို့ကြောင်တစ်ကောင် ရှာထားရမှာ လား..ကျနော်ရှာပြီးရင် ကျနော့သားသမီးတွေ၊မြေမြစ်တွေကရောကြောင် တစ်ကောင်မရှိတော့ရင်…. ကျနော့ရဲ့မျိုးဆက် တုန်းခံရတော့မှာလား။ ကြောင်တွေမျိုးတုန်းသွားရင်ကော….။ကျနော့မမကြီးနဲ့မမလတ်တို့လည်းမျိုး ဆေ့ပျုန်းနိုင်တယ်။ကြောင်မရှိတော့မင်္ဂလာမဆောင်ရ ။မင်္ဂလာမ ဆောင်ရတော့မျိုးမပွား။မျိုးမပွားတော့မျိုးတုန်း။ အတွေးတို့ နယ်ချဲ့ရင်း ဘယ်သူလည်း။ ဖေဖေလား မေမေလား။စနေမလား။အယူလား။ရှေးထုန်း ဆိုတဲ့အဆွဲကြောင့်လား။ ငေးငိုင်နေတဲ့ကျနော့်အရှေ့မှာအရိပ်တွေး။ ကျ နော်မော့ကြည့်မိတော့ မမငယ်ရဲ့သူငယ်ချင်းတွေ အ၀တ်တွေလည်းပေလို့ ပွလို့ချွေးတွေဖုန်တွေကလူရုပ်ကိုဖုံးလုလ၊ုဝမ်းသာအားရကျနော့်ကိုကြောင် တစ်ကောင်ထုတ်ပြတယ်။ ဟိုဘက်ရွာကနေ မရ မကဖမ်းလာကြတာ။ သူ ငယ်ချင်းအတွက်တကယ့်မင်္ဂလာလက်ဆောင်အစစ်။တန်ဖိုးဘယ်လိုဖြတ် ရမလည်း။ မျိုးရိုးစဉ်ဆက်တန်တယ်။ ကျနော်ရင်ထည်း အုပ်ဆိုင်းနေတဲ့မျူ တွေ အဝေးထွက်ပျောက်ရှ။ခြေလှန်းတို့တွက်သလားမမေးနဲ့ မမငယ်ရဲ့ အ ခန်းတခါး ခေါက်ချိန်တောင်မရပဲကိုယ့်အရှိန်နဲ့ကိုယ်ဟတ်ထိုး၊မမငယ်ရဲ့အ ခန်းတံခါးကို ဦးခေါင်းနဲ့တွန်းဖွင့်လိုက်သလို ၀င်အတိုး။တံခါးပေါက်ဂျောက် ဆို တဖြေးဖြေးခြင်းအပွင့်။ကျနော့မြင်ကွင်းထဲ လစ်ကနဲတိုးဝင်လာတာက မမငယ်ရဲ့ အခန်းအလည်တည့်တည့်မှာ လဲနေတဲ့ခွေးခြေခုံတစ်ခုံ။ မြေကြီး နဲ့တစ်ဒေါင်လောက် လွတ်နေတဲ့ ခြေထောက်တစ်စုံ။ ဘယ်ခြေမှာငွေအို ရောင်ဒေါက်ဖိနပ်လှလှလေးတစ်ဖက်၊တစ်ဖက်က ကျနော့ ဦးခေါင်းနား လေးမှာ မှောက်လျှက်။တွဲးလောင်းကျနေတဲ့ ခြေတစ်စုံကလည်းဖြေးဖြေး ခြင်း ချာချာလည်။ကျနော် မော့မကြည့်ရဲခင်မှာပဲ ဖွားဖွားအခန်းဘက်က မ မကြီးရဲ့ ဖွားဖွားလို့ အာခေါင်ခြစ်ပြီးအော်တဲ့ ကြေကွဲသံစဉ်က ကျနော့နား ဆည်ကိုဝင်အဆောင့် စက္ကန့်မခြား ကပ်လိုက် လာတဲ့ မိန်းမတစ်တိုက် ၏ ချုံးပွဲချ အော်ဟစ်ငိုကြွေးသံတို့ ပေါက်ကွဲ။

အယူသည်းခြင်း၊ရိုးရာပူးခြင်းမှ လူတိုင်းလွှတ်ကင်းနိုင်ကြပါစေ ……….

စံဂျူး

မိတ်ဆွေ၊သူငယ်ချင်း စာဖတ်ပရိသတ်၊ အားလုံးကို အစဉ်လေးစားလျှက်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၆) | ပျူနိုင်ငံ

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၆) | ပျူနိုင်ငံ

Saturday, January 21, 2012

အသီး ရဲ့ ဓာတ်သဘော စံဂျူး Fast .2012 .January

ပန်းသီးက ချစ်ခြင်းကို အသက်သွင်းတော့

လက်တီးက ချစ်ခြင်းကို သွေးထိုးစန်းတယ်။

ကြယ်သီးက အရှက်ကိုကာကွယ်နေတုန်း..

မီးသီးက အမှောင်တွေကို ခွင်းပြနေပြီ

ဓာတ်ရိုက်ဓာတ်စင်လုပ်ဖို့

ဓာတ်ကြိုးမရှိတဲ့

ဓာတ်တိုင်အောက်မှာထိုင်းပြီး

ဓာတ်ဗူးကိုထုတ်လိုက်တော့

ဓာတ်ဆံတွေက ကွဲနေပြီး

ဒီလို ဓာတ်မတည့်တော့တဲ့ ချိန်မှာပဲ

ညှို့ဓာတ်အပြည့်နဲ့ ကောင်းမလေးက

ပန်းသီးလာပေးတယ်

လက်ထဲကျစ်ကျစ်ပါအောင် ဆုတ်ကိုင်မိတုန်း

ကြယ်သီး မရှိတော့ဘူး

မီးသီး မလင်းဘူး

ဓာတ်မီးနဲ့ လူတစ်အုတ် ရောက်လာတယ်

ဓာတ်သဘောတရားကို မသိတဲ့သူတို့

ပန်းသီး စားမိတဲ့ ကျနော်…..

စံဂျူး