Wednesday, July 25, 2012

ခေတ်ထဲက တိုးတက်မှု

ခေတ်ထဲက တိုးတက်မှု
စံဂျူး
ကျနော်လား အမြင်ကျယ်လာလိုက်တာ..
မြောင်းကိုလည်း မြစ်ထင်လို့ထင်
ရေကာတာပဲ တည်ဆောက်ချင်လာတယ်။
ကျနော်လား အိုင်တီခေတ်ကို လေ့လာနေရင်း…
ဂျီထော့(Gtalk)နဲ့ ဖေ့စ်ဘွတ်(Facebook)ကြားမှာ
ဝေ့လည် ဝေ့လည်..။
ကျနော်လား ဖတ်ပါမှတ်ပါဆိုလို့
စာအုပ်တစ်အုပ် ကိုင်ထားတယ်... ကြာ…ပေါ့
အဖုံးတွေလည်းတွန့်ကြေ
လက်ဆီတွေလည်း စွန်းထင်
မာတိကာတော့ ခုထိ မလှန်ရသေးဘူး..။
ကျနော်လား အတင်းလားမသိ
သတင်းလားမသိ
ဝိုင်အော်သူနောက်က လိုက်
လက်ခမောင်းခတ်ပြလိုက်တယ်
ကျနော့ကို ဘာကောင်ထင်လည်…..??? ။
ကျနော်လား အမြင်ကျယ်လာလိုက်တာ..
ကောင်းကင်ပေါ်က လမင်းရယ် ကြယ်တာရာရယ်
ဖယောင်းတိုင်းရယ် ဟိုရင်ဂျာရယ်
အထိကရုန်းရယ်……လူးသားဆန်မှုရယ်
ရေကာတာပဲ တည်ဆောက်ချင်လာတယ်။
ဒီလို ဝေ့လည် ဝေ့လည်…..နဲ့…
မာတိကာတော့ ခုထိ မလှန်ရသေးဘူး..။
ကျနော့ကို ဘာကောင်ထင်လည်…..??? ။
ကျနော် အမြင်ကျယ်လာလိုက်တာ…
ခေတ်ထဲက တိုးတက်မှု တွေနဲ့
စမ်းတ၀ါးဝါးမို့… ခုဆို
ကျနော့အနောက်မှာ သုည လေးလုံးတောင်တိုးလာပြီ။
စံဂျူး

No comments:

Post a Comment