Wednesday, July 25, 2012

“သူ့အချိန် - သူ့အခါ”

“သူ့အချိန် - သူ့အခါ”
စံဂျူး 21.july 2012
ကလေးဘ၀မှာလည်း ရိုးရိုးသားသား
မေမေနဲ့ဖေဖေ ကြားမှာ နွှဲ့ဆိုး၊ ဂျီတိုက်
ကလေးဘ၀ ဖြစ်ခိုက်လေးမို့..
ကလေးပီသစွာပဲ ဖြတ်သန်းခဲ့တယ်။

ပညာသင်ရွယ်မှာ အတွေးများပွား
လမ်းသလားလိုက် စာခိုးချလိုက်
ကျောင်းသားဘ၀ ဖြစ်ခိုက်လေးမို့…
ကျောင်းသားပီသစွာပဲ ဖြတ်သန်းခဲ့တယ်။
လူပျိုဝင်စ အူကြောင်ကြားအစမှာ
တီးဆိုင် ထိုင်လိုက် မဒီငန်းလိုက်
ကာလသား ဖြစ်ခိုက်လေးမို့…
ဟိုလိုလိုဒီလိုလိုပဲ ဖြတ်သန်းခဲ့တယ်။

ကျောင်းလည်းပြီး အသက်လည်းကြီးတော့
ငွေလည်းရှာ ကြင်ယာလည်းရှာ သောက်စားရင်း
လူရွယ်ဘ၀ ဖြစ်ခိုက်လေးမို့…
ခွန်အားလည်းစိုက် လူကြီးဂိုက်ဖန်းပြီ ဖြတ်သန်းခဲ့ရတယ်။

ငွေထက် ကြင်ယာ အရမြန်တော့
ကလေးတစ်ယောက် ဗြုန်းဆို ရောက်လာတော့
ဖခင်တစ်ယောက် ဖြစ်ထိုက်ပြီမို့…….
ဖခင်တစ်ယောက်ပြီသစွာ ဖြတ်သန်းချင်ပါ၏..။
စံဂျူး 21.july 2012

No comments:

Post a Comment