Thursday, May 10, 2012

အဟာရ


အဟာရ
စံဂျူး (9.မေ.2012)
လက်ဆက်တဲ့အသီးအရွက်တိုင်းမှာ
ဗီတာမင်တွေပါတယ်။(အေတူဇက်)
သတင်းတိုင်းမှာ
အသိပေးမှုနဲ့ အသိဥာဏ်တွေပါတယ်။
မလက်ဆက်တဲ့ အသီးအရွက်တွေက
ကျန်းမာရေးကို အန္တရယ်ပြုတယ်။
ကောလဟာလ သတင်းတွေက
တွေဝေစိတ်နဲ့ ယုံကြည်မှုကို အန္တရယ်ပြုတယ်။
ဒီနေ့ ခူးထားတဲ့ အသီးအရွက်
အနောက်ကျဆုံး
မနက်ဖျန် ချရောင်းပါ။
ဒီနေ့ဖြစ်ပေါ်နေတဲ့ သတင်းမှန်
အနောက်ကျဆုံး
မနက်ဖျန် ညနေ မျှဝေပါ။
အသီးအရွက် အနွမ်းတွေနဲ့
သတင်းတပုဒ် အဟောင်းတွေက
ဘယ်သူကိုမှ အဟာရမပေးဘူး။
စံဂျူး (9.မေ.2012)

No comments:

Post a Comment