Sunday, November 27, 2011

စစ်မှန်ခြင်းဆိုသော

စစ်မှန်ခြင်းဆိုသော
စံဂျူး ရသ ၀တ္ထုတို
(၁) အနောက်အရပ်က နေလုံးနီနီလည်း အားဖျော့လာပြီး ရပ်ကွက်ထဲရှိ ဟိုအိမ်စ ဒီအိမ်က မီးခိုးတန်းဖြူဖြူလေး တွေလည်း ကောင်ကင်ယံထက်လွှင့်မျှော…. ကလေးပေါက်စနမြောက်လောင်းအရွယ်လေးတွေလည်း ရပ်ကွက်လမ်းတလျှောက် ဟိုတစ်စု ဒီတစ်စု ဂွေလိမ့်တဲ့သူလိမ့်၊ ဂေါ်လီးရိုက်သူရိုက၊်ကြိုးခုန်သူလေးတွေကခုံကြငြင်းကြ ခွေးရူးလိုက်တန်းကစားကွက်ထဲက ပြေးနေ သူကပြေးလိုက်သူကလိုက် တုတုပုန်းတန်းကစားသူများက ခိုးကြောင်ခိုးဝှက်၊ဟိုဒေါင့်ဒီဒေါင့်ပြေးကပ် ၊ချုံပုတ်၊ အိမ်ဆုတ် ထမိန်တန်းလည်းမရှောင် တတ်သလောက် မှတ်သလောက်လေးတွေနဲ့ ပျော်ရွှင်ဆော့ကစားနေတဲ့ကလေးတွေ အိပ်တန်းဝင်မဲ့ စာကလေး တွေနဲ့အပြိုင် ဆူလို့ညံလို့ပါပဲ။ အိုင်တီခေတ်က ခလေးတွေလိုတော့ တိတ်ဆိတ်မှုကင်းငွေကုန်ကြေးကျလည်းရှင်း ဂိမ်း ဆိုင်တွေ အင်တာနက်ဆိုင်တွေ လစ်ဟင်းနေချိန်မို့လေ။ ဒီကြားထဲ ပုဆိုးကိုစလွယ်သိုင်း ခြေလှမ်းတိုင်းက မြွေလိမ် မြွေကောက် သီချင်း ပေါက်ကရတွေဆိုရင် အိမ်ပြန်လာတဲ့ ကြပန်းအလုပ်သမား တောင်သုံးဆယ်ဝတ် ယောင်္ကျားသားတွေကလည်း ရပ်ကွက်လမ်းထဲကို ယမကာရေမွှေးနံ့လေး ခပ်သင်းသင်းပေး… လင်သားအပြန် ညနေစာလေးချက်ဖို့မျှော်နေတဲ့ အိမ်ရှင်မ တွေကလည်း အိုးတွေခွက်တွေကို ကလုံးကလွမ်းနဲ့ ဟန်ရေးပြ… ဒါတကယ့်စစ်မှန်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား ရပ်ကွက်ရဲ့ ဂန္တ၀င် ဆည်းဆာပေါ့။ ဒီလိုပြာပန်းခတ်နေတဲ့ အသံတွေတည်းမှာ အိမ်တစ်အိမ်ရဲ့ အိုးခွက်ပန်းကန်းရိုက်ခွဲသံ ထိုးကြကုတ်ကြ အော်ဟစ်ငြီး တွားသံ တစ်ဦးပေါ်တစ်ဦး အပြစ်ဖို့ ကိုယ့်အားနည်ချက်ကို တစ်ဖတ်လူကိုပုံချ မာန်ဖျဲပြနေသံများက ဒီရပ်ကွက်ထဲမှာသိပ့် တော့မထူးခြားပါဘူး။လမ်းသွားလမ်းလာများက တစ်စေ့တစ်စောင်း ကြည့်သွားပေမဲ့ မီတာဘောက်(စ်)ရှိပြီး မီးမရှိတဲ့ ရပ်ကွပ်မို့ အိမ်ထဲမှာ ဘာဖြစ်တယ်ဆိုတာတော့ ဘယ်သူမှမမြင် ဖျန်ဖြေ ပေးမယ့်သူလည်း နတ္တိ။ ပင်ပန်းမှု အလုပ်ထဲမှာအစဉ်မပြေမှု တွေကိုဘမ်းပြ ဟိုယိမ်းဒီယိုင်နဲ့ အိမ်ပြန်လာတဲ့ယောင်္ကျား ရတဲ့နေ့စားခတော့ လက်ထဲကအရက်ပုလင်းထဲမှာတစ်ဝက် အိတ်ကပ်ထဲမှာတစ်ဝက်..အဲ့ဒီလိုနဲ့ အရက်အရှိန် တက်နေတဲ့ယောင်္ကျား… အလိုလိုနေ ရင်းအိမ်စောင့်နတ်ဖြစ်နေရတဲ့ မိန်းမက မီးဖိုချောင်စရိတ် ကလေးကျောင်းထားစရိတ်တွေကို ချွေတာသုံး လှချင်ပချင်ကြွား ချင်စိတ်တွေကို မနည်းဖုံးဖိနေရတဲ့မိန်းမ သူတို့အလိုမကျမှုတွေကတော့ ညနေတိုင်းမှာ အလှည့်ကြရင်ဖွင့် အခန့်မသင့် တော့… အိမ်တွင်းစစ် ခင်းကြပြီး။
(၂)အခုစစ်ပွဲက စာရေးဆရာပေါက်စ ကိုထွေးချိုနဲ့အေးရင်တို့လင်မယား အချင်းပွားကြတာပါ။ သူတို့က ဘယ်ကဘယ် လိုပြောင်း လာတဲ့စုံတွဲဆိုတာတော့ ဘယ်သူမှမသိ ဘယ်သူမှလည်းစိတ်မ၀င်စားဘူး။ သူတို့သိတာက ကိုထွေးချို စာရေးဆရာ မအေးရင် မှီခို သူတို့လင်းမယား ဒီရပ်ကွက်ထဲကို ပြောင်းလာတာမကြာသေး ဒါပဲ။ဟုတ်တယ်လေး မြန်မာနိုင်ငံမှာ ကိုရီးယာတို့ ယိုးဒယားတို့ အနောက်နိုင်ငံကလို လစ်ဗင်းသူကဲသားဆိုတာမှမရှိတာ..၊ အရှေ့အိမ်ဆယ်အိမ် နောက်အိမ်ဆယ်အိမ်က အသိအမှတ်ပြုလျှင် ဒါ လင်မယားဖြစ်ပြီး.. နောက် ယောင်္ကျားနှင့်မိန်းမ နှစ်ဦးတည်းအတူနေလျှင် ညားခါစလင်မယား ဒီလိုသာ ရိုးရိုးလေးတွေကြတယ်။မြန်မာနိုင်ငံမှာထူးခြားမွန်မြတ်တဲ့ ရိုးရာကတော့..အရွယ်ရောက်ပြီးသောမိန်းခလေးနှင့် ယောင်္ကျားလေး မိဘသဘောသူသည်ဖြစ်စေ သဘောမတူ၍ ခိုးပြေးကြသည်ဖြစ်စေ နီးစပ်ရာ ရဲစခန်းတွင် အသိသက်သေ နှစ်ယောက်လောက် နှင့် အကြင်လင်မယားအဖြစ်ပေါင်းသင်းလိုကြောင်း လက်မှတ်သွားထိုးနိုင်တယ်။ရဲစခန်းတိုင်းကလည်း သူတို့ဆီကိုလာတဲ့ တစ်ခု တည်းသောမင်္ဂလာအမှုဖြစ်လို့ ၀မ်းမြောက်ဝမ်းသာ ကူညီတက်ကြတယ်။ ခန်းမတွေ မဏ္ဍပ်တွေမှာချိမ့်ချိမ့်သဲ မင်္ဂလာဆောင်မှ လင်မယားအရာမြောက်တာမဟုတ်ပါဘူး။ ငွေပိုငွေလျှံရှိသူတွေတွက်သာ မင်္ဂလာဟာတခမ်းတနား ကြွားစရာပါ။တစ်ချို့ကလည်း အနောက်နိုင်ငံသွားရမဲ့သူတွေနဲ့ အချောင်လိုက်နိုင်ဖို့ လင်မယားဖြစ်ကြောင်း သက်သေခံအဖြစ် လက်ထပ်လက်မှတ်ထိုးခြင်ကြ တယ်။တစ်ချိုတွေကလည်း ကွဲကြခွဲကြရင် ရှိတာလေးခွဲယူဖို့ လက်ထပ်လက်မှတ်ထိုးထားချင်ကြတယ်။ တစ်ချို့တွေကတော့ ငါအကြီး နင်အငယ်ငြင်းဖို့ လက်ထက်လက်မှတ် လိုချင်ကြတယ်။ဒို့အမိနိုင်ငံမှာတော့ လက်ထပ်လက်မှတ် မလိုပါဘူး ဧည့်စရင်း လာစစ်ရင်လည်း ရပ်ကွက်လူကြီးတွေပါနေတာပဲလေ…ထားတော့ အိုအောင်မင်းအောင်ပေါင်းနိုင်ဖို့သာ လူသားတွေအတွက် အဓိကပါ။
(၃)ကိုတွေချို မနေ့က ရှားရှားပါးပါး စာမူခလေး ရလာတယ်။မအေးရင်က ရတောင့်ရခဲ ငွေစလေးကို လက်မှာမြဲမြဲဆုတ် ဒီနေ့အတွက်တော့ ငါးခြောက်ဖုတ်ဆီဆမ်း ညမနက်အတွက် တည်ခင်းထားတယ်။ တိုက်ဆိုင်လိုက်ပုံများ စမူခရတယ်လို့ သတင်းကြားတဲ့ ကိုထွေးချိုရဲ့ စာရေးဆရာရောင်းရင်း အပေါင်းအသင်းတစ်စု ကိုထွေးချိုကို ဂုဏ်ပြုဖို့ လက်ကြီးဗလာ မာန်ပါပါ ရောက်လာကြတယ်။ကိုတွေးချိုကော မအေးရင်ပါ ၀မ်းမြောက်ဝမ်းသာ ပထမဦးဆုံး ဧည့်သည်တွေကို ရှိတာချကျွေး အရက်ဖိုး လေးပါ ထုတ်လိုက်ရသေးတယ်။ ဒီလိုပဲသောက်ရင်းစားရင် စာပေအကြောင်းဆွေးနွေးရင်နဲ့ အချိန်တွေလည်းလင့် ရီဝေရီဝေ လည်းဖြစ် ငါဖုတ်ဆီစမ်းလေးလည်း အားငယ်စရာ အသားဖတ်လေးတစ်ဖတ်ပဲကျန်ခါမှ သူတို့စာပေဆွေးနွေးပွဲလေးလည်း အားနားပါနားနဲ့အပြီး သိမ်းသွားတော့တယ်။ ကဲ ညနေစာထမင်းဝိုင်းတော့စပြီ မအေးရင်လည်း ထမင်းဝိုင်ပြင်ပြီး ထမင်းကနှစ်ပန်းကန် ထုံးစံအတိုင်း ငါးပိရည် ခပ်ကျဲကျဲ တို့စရာက ဟိုအရွက်ဒီအရွက် ကန်စွန်းရွက်နည်းနည်းလည်း ပါတာပေါ့။ထူခြားတာဆိုလို့ ငါဖုတ်ဆီစမ်း အဆီကတော့ တ၀င်းဝင်း အသားဖတ်ကတော့ တစ်ဖတ်ထဲ ..တော်သေးတာပေါ့ ဘယ်သူမှ ဆီတွေခပ်သောက်မသွားလို့..ကိုထွေးချိုက အားနာနာနဲ့ မအေးရင်ကိုကြည့် အသားငါးချို့တဲ့နေတဲ့ မိန်းကကို ကိုယ်ချင်းစာပြီး ငါခြောက်ဖတ်လေးကိုခပ်သောက် ချစ်ဇနီးလေးပန်းကန်ထဲအထည့် “မောင်ရယ် ..မောင်က တနေကုန်စာထိုင်ရေး အတွေးတွေလည်းများ လက်ကလည်းမနားရ ခါးချိအောင်စာတွေရေးမှ ဒီငါခြောက်လေးမစားရရင် ဘယ်လိုလုပ် စာဆက်ရေးနိုင်တော့မှာလည်း မောင်ပဲစားပါ” ဒါမအေးရင်ရဲ့ လင်ယောင်္ကျာပေါ်ထားတဲ့စေတနာ.. မောင်ထွေးချိုက “ခင်မရယ် မင်းလည်း တနေကုန် အိမ်အလုပ်တွေနဲ့ မနားရ လျှော်ရဖွတ်ရ ချက်ရပြုတ်ရ ဈေးသွားရ နားမယ်မှမကြံသေး ငါ့ကိုနင်ပေးရနိပ်ပေးရ ဒီလိုအပင်းပန်းခံနေရတာ အဟာရဓာတ်လေးပြည့်အောင် ဒီငါးခြောက်ဖတ်လေးတော့ စားလိုက်ပါကွာ” မောင်ထွေးချိုရဲ့ ဂရုဏာ ဒီလိုနဲ့ မောင်ပဲစားပါ “မေ” ပဲစားသင့်ပါတယ်ညင်းကြရင်း ငါခြောက်ဖတ်လေးက ဟိုပန်ကန်ကူးလိုက် ဒီပန်းကန်ကူးလိုက်နဲ့ ဖိတ်စင်လာတဲ့ဆီတွေက သူတို့နှစ်ဦးကြားမှာ ချောင်းဖြစ်လု့..ကြာလာတော့ “မင်းစားကွာ” မောင်တွေးချို ဂရုဏာဒေါသ ထွက်စပြုလာပြီ “ယောင်္ကျား ရှင်ပဲစားလို့ပြောနေတယ်” မအေးရင်ရဲ့ စေတနာ့စကား တဖြည်းဖြည်း မင်းကွာ ငါကွာနဲ့ “စားပါ” မပါတော့ဘူး “မင်းငါစေတနာကိုစော်ကားတယ်” မောင်ထွေးချို ဒေါသနဲ့စာပွဲကိုပုတ် မအေးရင်က အုန်းဆို ထရပ်ပြီး ဘယ်ကတည်းက သိမ်းထားတဲ့ ခံစားချက်တွေမှန်းမသိ မိန်းမပြီးပြီ။တသီကြီး ထွက်အကျ “ရှင့်စေတနာမှန်ရင် ဒီထက်ပို ရှာကျွေးပေါ့ ကျမကရှင့်ကို အိမ်ဦးနတ်လိုအားကိုး အရာရာကို ဥပက္ခာပြုပြီးတန်းတန်းပါအောင်လိုက်လာတာရှင်တာဝန်မကျေလို့ ဒီလိုဖြစ်ရတာ မအေးရင်စကားက ကိုထွေးချိုရဲ့အားနည်းချက်က ရင်ဘက်ကိုဆောင့်အတွန်း “မင်းတော်တော်စကားများတဲ့မိန်းမပဲ တော့တော့ဆက်မပြောတော့နဲ့” “ပြောရမှာပဲမဟုတ်လို့လား” “မပြောတော့နဲ့ဆို” “ပြောမှာပဲ”ဒီလိုညင်းကြရင် ကိုထွေးချိုက ရော့ဘယ်ရော့ညာ လက်ပါလာတယ် မအေးရင်ကလည်း ခွက်ဆောင်းလက်စောင်း သွားအကြောင်းပါအပြ နှစ်ယောက်လုံး လုံးထွေးသွားပြီးတစ်ခဏ ဖြန်ဖြေသူမရှိတော့ သူအလိုလို ဒီရန်ပွဲတခန်းရပ် ကိုထွေးချိုက အိမ်ရှေ့ထွက်ထိုင် မအေးရင်ကအိမ်နောက်ဖေး ဘက်လှည့်ထွက် မျက်ရည်တွေ ဗလက်ပွနဲ့ “သြော် ဒီယောက်ကြား အခုလိုလက်ကြောမတင်း ခဏခဏငါ့ကို အနိုင်ကျင့်နေတာ ငါသာကလေးတစ်ယောက်မွေးပေးလိုက်ရင် သူ ဖခင်စိတ်ရှိလာတော့မှာပါ” ဒါ မအေးရင်ရဲ့အ တွေး။ ကိုထွေးချိုကလည်း “ဒီမိန်းက ဒီလိုကလေးစိတ်မကုန်ပဲ ပေါက်ကတွေပြောပေါက်ကရတွေတွေးနေရင် ဘယ်တော့မှရင့် ကျက်လာမှာမဟုတ်ဘူး သူရင့်ကျက်ပြီး မိခင်စိတ်ပေါက်လာအောင် ကလေးတစ်ယောက်လောက်တော့ ယူမှဖြစ်တော့မယ်” အဲဒီလိုစိတ်ကူ အခုညလေးမကူးခင်ပဲ အိမ်ယာဝင်ကြလေရဲ့။ ဘယ်လိုဘယ်လိုတွေ ပြေလည်သွားတယ်မသိ မနက်ခင်းမိုးလင်း တော့ ရှိဆုမဲ့ဆုလေး အိပ်ထဲထည့် လင်မယားနှစ်ယောက်ဈေးဝယ်ထွက် ကိုထွေးချိုမှာလည်း ချစ်ချစ်ပေးထားတဲ့ ရာထူးတဆိပ် သွားရာတွေက လက်မောင်းမှာ အကွင်းလိုက် အကွက်လိုက် ပါးနှစ်ဖတ်မှာက လက်သည်းရာက နီလို့ ခေါင်းပေါ်က အာ လူးဘုတွေတော့ ပုံးလျှိုကွက်လျှို.. မအေးရင်မှာလည်း ချစ်လင်ဆိုးပေးထားတဲ့ ဂါဂျယ်တွေ မျက်ဝန်းနှစ်ဖက်မှာ ညိုလို့မည်းလို့ ပါးနှစ်ဖက်မှာလည်း ကွမ်းငုံထားသလို ဖောင်းလို့ ကားလို့..ဒါပေမဲ့ ဘယ်သူကိုမှ ဂရုစိုက်ဖြစ်ပါဘူး စိတ်ကူးကိုယ်စိနဲ့ တစ်ယောက် လက်တစ်ယောက်ချိတ် အပြုံးလေးတွေတော့ ပတ်ဝန်းကျင်တစ်ခုလုံးအထိ ဖိတ်စဉ်နေလေရဲ့။
(၄) မအေးရင် အော့ပြီအန်ပြီ ဟိုဟာစားမယ် ဒီဟာဝါးမယ် နားပူနာစာတိုက်ပြီ ဒါတော့ ကိုယ်လေးလက်ဝန် ရခါစမိန်းမတို့ သဘာဝ သွေးတောင်တာကို ကိုထွေးချိုခဗျား မနေတာတော့ဘူး ဟိုရေဒီခြစ် ဟိုဖြဲဒီပြစ် စက္ကူဖွတဲ့ ၀ါသနာကို အချိန်လျှော့ တက်ထား သလောက်ပညာမနေသာဆိုသလို နေ့ဘက်ဆိုဒ်ကားနင်းဖို့ ပြင်ရပြီ။ညညထိုင်ရေးဖြစ်တဲ့ ရသစာပေ တွေလည်း မဂ္ဂဇင်းတိုက်တွေ က မကြာခဏ သုံးလာပြီး ဆိုတော့လူသိများလာတယ် ဆိုဒ်ကားနင်တော့ ဖောက်သည်တွေပိုတိုး လာတော့ ၀င်ငွေလေးလည်းမဆို့မပို့ဖြောင့်လာပြီပေါ့။ ဒီလို့နဲ့ မအေးရင်းလည်း ကိုးလလွယ်လို့ဆယ် လရောက်တော့ သမီးဦး မျက်နှာမြင်လာပြီ။ သမီးဦးဆိုတော့ နှစ်ယောက်သားအပြိုင်ချစ်ကြတာပေါ့။ဒါပေမဲ့ ကိုထွေးချိုကတော့ မိုးလင်းရင် ဆိုဒ်ကား ထွက်နင်း အိမ်ပြန်လာတော့ သမီးလေးကိုဟန်ဆောင်ပန်ဆောင်ပွေ့ ရေးချိုးပြီးတာနဲ့ စာရေးဖို့ပြင် မအေးရင် ကတော့ ကလေးတစ်ဖက် အိမ်မှုကိစ္စ တစ်ဖက်နဲ့ လင်အတွက်တောင်အချိန်မလောက် ဒီလိုနဲ့ သမီးလေးလည်း သုံးနှစ်ပြည်လာ မူကြိုကျောင်းထားရတော့မယ်ဆိုတော့ ငွေရေးအပိုအလျှံမရှိသေးတော့ ရရစားစားဘ၀သမားတွေအတွက် ရပ်ကွက်ထဲမှာ ကိုး တန်းဆယ်တန်းအောင် အလုပ်မယ်မယ်ရရမရှိသေးတဲ့ကလေးမတစ်သိုက်ဖွင့်ထားတဲ့ စေတနာကလေးထိန်းကျောင်းမှာ သမီး လေးကိုပြေးပို့ ။ ကိုထွေးချိုက ဆိုက်ကားလေးနဲ့ သမီးကို အကြိုအပို့လုပ်ပေးနေတော့ မအေးရင်မှာ အချိန်တော်တော်များများ အားလာတယ် ပိုနေတဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့ ဘာလေးညာလေးထွက်ရောင်းမယ်ဆိုတော့ ကိုထွေးချိုက သဘော မတူ..။ သူကိုယ်တိုင်ပဲ ယောင်္ကျားပီသချင်တော့ မအေးချိုကိုအိမ်မှာပဲ နေခိုင်းတယ် အရင်အနီးလည်း ထုတ်မပေးနိုင်တာ ပါတာပေါ့လေ။မအေးရင်းလည်း အိမ်မှာ ဒီအတိုင်းနေရတာကြာတော့ ပျင်းလာပါတယ်။ ဘာလုပ်ရမယ်ဆိုတာလည်းမသိလေ တော့ ရပ်ကွယ်ထဲမှာရှိသမျှ သာရေး၊နာရေး၊ဘာသာရေးတွေမှာ အားတဲ့အချိန်သွားသွားကူတယ်။ကြာတော့ လူသိများလာပြီ ရပ်ကွက်လူကြီးတွေကလည်း စာရေးဆရာကတော် လူမှုရေးကိစ္စတွေမှာ စေတနာရှိရှိ အားကြိုးမာန်တက်ပါဝင်လာတာတွေ့တော့ အားကိုးလာတယ်။ရပ်ရေးရွာရေးကိစ္စတွေမှာပါ မအေးရင်ကို အကူအညီတောင်းလာကြတယ်။မအေးရင်မှာတော့ အားလပ်ချိန် တွေနည်းသထက်နည်းလာပြီး တစ်ဖက်မှာတာဝန်ကျေပေမယ့် တစ်ဖက်မှာလစ်ဟင်းလာတယ်။ကိုထွေးချိုလည်း အလုပ်ပင်ပန်း တာအကြောင်းပြ ညညဆို အရက်ကလေး တစ်ခွက်တစ်ဖလား သောက်လာပြီး။နေဘက်ပင်ပန်းလာကြတဲ့ လင်မယားကလေးကို တောင်ကောင်းကောင်းမကြည့်အား တနေ့တနေ့ သက်ပြင်းတွေကိုယ်စီချ တိတ်စိတ်မှုတွေ ကြီးဆိုးရင်း အိပ်ယာထဲ တန်းဝင်ဖြစ် တာကများတယ်။
(၅) ပြသနာဆိုတာ အကြောင်းပြချက်မခိုင်လုံလည်း တိုက်ဆိုင်မှုနည်းနည်းလေးကပဲ ရန်ပွဲကို အကောင်အထည် ဖေါ်လာတက်စ မြဲမို့ ဒီနေ့တော့ သမီးလေးလည်းအပြင်းဖျားပြီ ဆေးဖိုးကလည်းမလုံလောက် မနက်ဖြန် အမျိုးသမီးရေးရာကော်မတီရဲ့ အစည်း အဝေးပွဲကိုတက်ဖို့ အ၀တ်အစားအသစ်ကလည်မရှိ မအေးရင်တော့ ကိုထွေးချိုကိုနားပူနာစာတိုက်ပြီ။ “အဖေကြီး သမီးလေး အပြင်းဖျားနေပြီ ဆေးခန်းသွားပြရအောင် ပိုက်ဆံလေးဘာလေးပေးပါအုံး” “အမေကြီးကလည်းကွာ မင်းကိုပေးထား တာအကုန် ပဲလေကွာ” “မလောက်ဘူးတော်ရေ အခုခေတ်က ဆေးဖိုးထက် ချွန်းဖိုးကပိုများတယ်တော့” “ဒီလိုမှန်းသိရင်အစက တည်းက သမီးလေးကို ပိုဂရုစိုက်ပေါ့ကွ အခုတော့ မင်းအားအားနေလျှောက်သွား ကလေးကိုပြစ်ထားတော့ သမီးလေးဖျားရပြီး”ဘာမှ တော့မဆိုင်ပါဘူး ကလေးသူ့အလိုလိုဖျားတာပါ ကိုထွေးချိုပြောမိပြောရာပြောလိုက်တာက မကျေနပ်တာတွေများနေလို့။ မအေး ချိုကတော့ အပူငွေ့တွေကို ဖြေးဖြေးလေးမှုတ်ထုတ် “ကိုတွေးချိုဘက်လှည့်ပြီး ဒီမှာအဖေကြီး ကျမအားတိုင်းလျှောက်သွားနေ တာမဟုတ်ဘူးရှင့် ရပ်ရေးရွာရေးတွေကို တက်နိုင်တဲ့ဘက်က သွားသွားကူနေတာ ရှင်တို့စာရေးဆရာတွေက ကိုယ်လူမျိုး အတွက် စာပေတွေနဲ့ တာဝန်ထမ်းနေသလို ကျမကလည်း လက်တွေ့တာဝန်တမ်းနေတာပါ အပြစ်လာမတင်ပါနဲ့ အခုသမီးလေးဖျားနေတာ အုံဖွလုပ်လို့လည်းမပျောက်နိုင်ဘူး။ကြက်ပူတိုက်လို့လည်း မသက်သာနိုင်ဘူး။ ဒီတော့ ကျမကိုပိုက်ဆံ နည်းနည်းရှာပေးပါ။.မနက်ဖြန် ကျမ အစည်းအဝေးသွားတက်ဖို့ ၀တ်စရာ အ၀တ်အစားအသစ်လည်းလိုနေတယ်”ကိုတွေးချို အကြပ်ရိုက်ပြီ။သူက ငွေလိုရင် ဆိုဒ်ကားနင်းမယ် စာရေးမယ် သည်နည်းနဲ့ပဲငွေရှာတက်တာဆိုတော့ ဟိုနားဒီနားဖွက်ထားတဲ့ နေ့ဖို့ညစာအရက်ဖိုးလေးထုတ်ပေးလိုက်တယ် “ကလေးဆေးခန်းသွားပြခြေ” ခပ်မာမာပဲပြောပြီးပေးလိုက်တော့ မအေးရင်းလည်း မျှော်လင့်ချက်တစ်ဆင့်တက် “ကျမ မနက်ဖြန်ဝတ်ဖို့အတွက် အ၀တ်ဖိုးလေးပါပေးလေ”။ မင်းတို့မိန်းမတွေက “ရလေလိုလေ အိုတစ္တေ” တွေပဲကွ ငါမှာမရှိတော့ဘူး နောက်မှဝယ်စရာရှိတာဝယ်” “ဒီလိုပြောလို့မရဘူးလေ အဖေကြီး ကျမတို့ စားဝတ်နေရေးအတွက် ရှင့်မှာတာဝန်ရှိတယ်လေ” “အေးလေးမင်းတို့ကို ကျွေးထားမွေးထားတာပဲမဟုတ်လား” “၀မ်းဝယုံနဲ့မပြီးဘူးရှင့် ခါးလှဖို့လည်းလိုသေးတယ် မသေစာရှင်စာလေးကျွေးပြီးမာန်တက်မနေပါနဲ့” “မင်းစကားလွန်ပြီနော် ဆက်မပြောတော့နဲ့ ရပ်တော့” “ပြောမှာပဲ ပြောမှသိမဲ့လူဆိုတော့” “မပြောတော့နဲ့ဆို” “ပြောမှာပဲ” “တော်တော့” “တော်ဘူး” “ဟား” “အောင်မာ” ကိုထွေးချို ဒေါသက အတွေးတွေလည်းမချိုနိုင်တော့ဘူး.. မအေးရင် အေးနေချိန်သာ ပူလာရင်.. ။တစ်ဦးနဲ့တစ်ဦး ထိုးကြ ကိုက်ကြ ကုတ်ကြရင်း အဖျားတက်နေတဲ့ကလေး ဖေးမသူမဲပြီး ဘယ်ပြေးရမန်းမသိ ဒေါင့်တစ်ဒေါင့်မှာထိုင်ပြီးငိုခြင်းချ ၀တ်ညာဉ်ပါလွှင့်သွားပြီလားမသိ…။
(၆) ဒီလိုနဲ့ ရပ်ကွက်ကောင်စီရုံးရောက်လာတယ် လင်မယားကွဲရေးခွဲရေးအတွက် ဥက္ကဠ ကိုအရေးဆိုကြပြီ သူ့အပြစ်သူ့အမှား ငယ်ကျိုးငယ်နာတွေဖော်ကြ။ တစ်ဖတ်သက်စွပ်ဆွဲချက်တွေ အပြိုင်ပြောကြ ဥက္ကဠတော့ ခေါင်းစားပြီး လင်မယားပေါင်းရေးသာ အကျိုးစောင်ရကောင်းတာကွဲ ရေးဆိုတော့ပြဿနာ မတော်လို့ပြန်တည့်သွားရင် ကိုယ်ပဲအမှားဖြစ်ရမှာ ပြီးတော့ ကိုထွေးချိုက သူကြိုက်တဲ့စာရေးဆရာ မအေးရင်ကလည်းရပ်ကွက်အတွက် အရေးပါတဲ့ စေတနာဝန်ထမ်း ဘယ်သူဘက်မှ မလိုက်ရဲဘူး ဒီတော့သူတို့လင်မယားအကြောင်းအတွင်းသိဖြစ်တဲ့ ဥက္ကဠကပဲ “ခင်ဗျားတို့ တစ်ကယ်ကွဲကြမယ်ဆိုရင် ငါအမိန့်အတိုင်းလိုက်နာမှာလား..လိုက်နာရင်ပေးကွဲမယ်”။နှစ်ဦးလုံး ခေါင်းအပြိုင်ညိမ့်တော့ ဥက္ကဠက “မင်းတို့ပိုင်ဆိုင်ထားသမျှ ရုံးတော်တင် ပြီးရင် အညီအမျှဝေပေးမယ်” ။ဥက္ကဠ လည်းကြားဖူးနားဝရှိသလောက်လုပ်တော့မယ်။ ကိုထွေးချိုတို့လင်မယားမှာ ခွဲစရာပိုက်ဆံလည်းများ များမရှိ အိုးခွက်ပန်ကန်တွေလည်း နာဂစ်ကြောင့်မဟုတ် ငလျှင်ဒါဏ်ကြောင်မဟုတ် ၀ယ်လိုက်ရန်ဖြစ်လိုက် ရိုက်ခွဲလိုက်နဲ့ကုန်ပြီး နောက်ဆုံး ဒီသမီးလေးပဲ ကျန်တော့တယ်။သမီးလေးကြပြန်တော့လည်း ခွဲလို့မဖြစ် သူတို့အတွက်တစ်ခုတည်းသော သံယောဇဉ် ဆိုတော့ သူပိုင်သင့်ငါပိုင်သင့် အကြောက်အကန်တောင်းဆိုလာတော့ “ကဲကဲ ဒီပြဿနာကို ငါကိုယ်တိုင်ရှင်းပေးမယ် မင်းတို့နှစ်ယောက်တကယ်ကွဲချင်တယ်ဆိုရင် အဝေတည့်သွားအောင် နောက်ကလေးတစ်ယောက်ထပ်မွေးကြ ပြီးရင် အညီးအမျှခွဲ ပေးပြီးကွဲခွင့်ပြုမယ်” ဥက္ကဠအမိန့် ကိုတင်ချိုတို့လင်မယား ခေါင်းလေးညိမ့်ပြီး ကလေးကိုတစ်ယောက်တစ်ဖတ်တွဲး အိမ်ပြန်လမ်း လေး မှုန်ယီေ၀၀ါးပါပဲ…။
(၇)လင်မယားနှစ်ယောက် ဖတ်လည်းတကင်းတော့ စကားမပြောဖြစ်ပါဘူး ကိုထွေးချိုလည်းအရင်တိုင်းဆိုက်ကားနင်း စာတွေပိုရေး အရက်သောက်တာတော့ ရပ်လိုက်ပြီ။မအေးရင်လည်း အရင်လိုရပ်ရေးရွာရေးနဲ့ပဲ အချိန်မကုန် သမီးလေးနဲ့အိမ်တွင်းရေးကိစ္စ တွေကိုပဲ အာရုံစိုက်လာတယ်။ကံကောင်းခြင်းလားကံဆိုးဖို့လာတော့မသိ မအေးရင်ကိုလေးလက် ၀န်စဖြစ်ပြီ ထုံးဆန်အတိုင် ပျို့ခြင်အံခြင်စိတ်တွေတားမရ စားချင်သောက်ချင်စိတ်တွေ သိမ်းမရ ကံကောင်းတာက ရပ်ကွက်ထဲက ဘေးအိမ် အနောက်အိမ် လုပ်ဖေါ်ကိုင်ဖက် အပေါင်းအသင်းတွေကလည်းလာလာအား ပေးစားစရာလေးတွေပါယူလာပေးတက်လေတော့ ကိုတွေးချို တွက်ခန့်သာတာပေါ့။ ဒီကလေးမွေးပြီးရင်ကွဲရတော့မယ်ဆိုတဲ့စိတ်ထက် အမေကျန်းမာကလေးချမ်းသားဆိုတဲ့စိတ်က ကိုထွေးရင်ကို ပိုပြီး အလုပ်ကြိုးစာစေတယ် မအေးရင်ကို ပိုပြီးဂရုစိုက်လာတယ်။ ဒီကလေးက တို့လင်မယားကိုခွဲမဲ့ ဓါးလို့မတွေနိုင်တဲ့ မအေးရင်က ကိုတင်ချိုအလုပ်ပြန်လာရင် မိန်းမ၀တ်တရားတွေကြေပွန်စွာထမ်းဆောင်လာတယ် စာရေးနေရင် ရပ်ခတ်ပေး သမီးလေးစာဖတ်နေရင် ၀င်ကူပေး ဒါတွေက နောက်ဆုံး အားတင်းခြင်းလား… အရင်ကထက်ဆိုင်ရင်တော့ ပိုပြီးသာယာလာတာ မှုန်တိုင်းထန်းဖို့ လေငြိမ်နေတာလား..ပြက္ခဒိန်ရွက်တွေကတစ်ရွက်ပြီးတစ်ရွက်ကွာကြ မအေးရင် သားဖွားဆောင်ကုတင်ထက်မှာလူးလိမ့်ရင် အမေကိုတလိုက် ကိုထွေးချိုကို အော်ခေါ်လိုက်နဲ့ သေမင်းနဲ့ ၀မ်းတွင်းထဲကနာ ကြင်မှုဟာလွန်ဆွဲနေပြီး ကလေးတစ်ယောက်အမေဆိုပေမဲ့ လေးနှစ်ကျော်ငါးနှစ်လောက်မှ ကလေးပြန်မွေးရ တာဆိုတော့ တစ်ဦးမီးဖွားစလို လူလိမ့်ဟစ်အော် ဘေးကနပ်(စ်)မတွေတောင် နားမခံသာပြီး “တိုးတိုးအော်ပါ ဘေးလူတွေကို အားနာပါအုံး” သည်လိုငေါက်နေပြီ။သူတို့အလှည်လည်းရောက်မှာပါနော့်။ကိုထွေးချိုခများလည်း ထိုင်ရမလိုထရမလို အိမ်သာထက်ခြင်သလို နေမထိထိုင်မသာပါ့။ မအေးရင်ရဲခေါ်သံကြားတိုင် မီးဖွားခန်းထဲပြေးပြေ၀င်လို လူနာကြည့်ဖို့လိုက် လာတဲ့ ရပ်ကွပ်ထဲကလူတွေရော ရပ်ကွပ်ဥက္ကဠရော ကိုတွေးချိုကို မနည်းဆွဲနေရတယ်။ ဇောချွေးတွေကလည်း အဖြူရောင်တီရှပ်ပေါ်မှာ အကွပ်လိုက်အကွက်လိုက် မျက်နှာမှာတော့ သွေးရောင်တို့မဲ့ မအေးရင်ရဲ့အော်သံ ရုတ်တရက်တိတ်သွားတဲ့အခါမှာ.. ကိုထွေးချိုခမျှာ ဥက္ကဠမျက်နှာကိုမော်ကြည့် အရင်က မအေးရင်သူ့ပေါ်ပြုစုယုယခဲ့တာတွေ အနွံတာခံခဲ့တာတွေ အတွေးထဲပြေးဝင် ငါးခြေက်ဖုတ်လေးလည်းမျက်ဝါးထင်ထင် သူရင်နစ်ရပါပြီး။ဥက္ကဠကော လိုက်လာကြတဲ့ လူနာကြည့်တစ်ရပ်ကွပ်ထည်းကလူတွေရော နှုတ်တွေကဆွံ့အ ကိုတင်ချိုကို မျက်လုံးလေးကလယ်ကလယ်နဲ့ပြန်အကြည့် မီးဖွားဆောင်တံခါးကြီးပွင့်ပြီး နပ်(စ်)မ တစ်ယောက်ထွက်လာပြီ။ အပ်ကြသံပါမကြားတဲ့ တိတ်ဆိတ်မှုကြီးထဲက မျှော်လင့်ချက်မျက်လုံးလေးတွေကနပ်(စ်)မဆီပြေးအကပ် “ကိုထွေးချိုဆိုတာဘယ်သူလည်း” အပူရုပ်ကိုဟန်တောင်မလုပ်နိုင်တဲ့ ကိုတွေးချို နှုတ်ခမ်းတစ်စုံက အဆက်မပျက်လှုပ်ခတ် မရဲတရဲလေး “ကျနော်ပါ” ဆိုတော့ ထူးဆန်းတဲ့လူကိုတွေ့သလို နပ်(စ်)မကတွေတွေလေးကြည့် ဂရုဏာသက်စွာပဲပြောလိုက်ပါတယ်။ “ရှင့်မိန်းမ အမွှာပူးလေးမွေးတယ် ကလေးရောမိခင်ရောကျန်းမာပါတယ်” ဝေး…လို့အော်တဲ့အသံက ဇာတ်ထဲကလိုတိုက်မထားပါဘူး။ ဒါပေမယ် အားလုံးကပြိုင်တူ ဥက္ကဠတော့ ပြုံးတော့မူလေ၏။ ကိုတင်ချိုမှာတော့ အတားအစီးမဲ့ မီးဖွားခန်းစီးပြေးအ၀င် အားအင်ချိနဲ့နေတဲ့ မိခင် ကလေးနှစ်ကို ဘယ်ညာခြံရင်း အနာဂါတ်အတွက် မပွင့်တစ်ပွင့်လေးပြုံး မျက်လုံးအိမ်က ပျော်ရွှင်ခြင်းမျက်ရည်လေတစ်စက ခုန်အထွက် အကို ထွေးချိုရဲ့ လက်ကိုမြဲမြဲဆုတ်ရင်း…..ကိုထွေးချိုရဲ့လက်တွေမှာအားမာန်တွေအပြည့် ဖြည့် မျက်ရည်စက်လေးနှစ်လုံး ပါးပေါ်က ခုန်အစင်းမှာ……..နာလည်မှု ကြင်နာမှု စာနာသနားမှုတို့ပါ မွေးဖွား။
ချစ်သူတိုင်းညားကြပါစေ ညားသူတိုင် နားလည်မှုဖြင့် ရိုးမြေကြ ပေါင်းနိုင်ကြပါစေ။
စံဂျူး စာဖတ်ပရိသတ်များရော သူငယ်ချင်းမိတ်ဆွေများကိုရော အစဉ်လေးစားလျှက် ကြိုးစားပါအုံးမည်။

Wednesday, April 6, 2011

ပညာရှိများ

တစ်ခါတုန်းက ပညာရှိတွေ အလွန်ပေါတဲ့ ရွာပိန်းလေး ဆိုတဲ့ရွာမှာ ရွာရိုးကိုးပေါက် ဈေးလှည့်ရောင်းတဲ့ ခေါင်းရွက်ဈေးသည် မုဆိုးမလေး မိအေးရဲ့အိမ်ရှိတယ်။

အိမ်ဆိုတာကလည်း အဲယားကွန်းမလိုအပ်တဲ့ ကြို့တို့ကျဲတဲ ၀ါးထရံကာ ၊ကြယ်မြင် လမြင် ဓနိမိုး၊ ၅ ပေကျော်တဲ့လူများ အိမ်ရှင်ကိုအရိုအသေပေးပြီး ခပ်ကုန်ကုန်းလေးလုပ် ၀င်ရတဲ့အိမ်၊ အိမ်ရှေ့အဖီကလေးလည်းရှိတဲ့ ခပ်နွှဲ့နွှဲ့ အိမ်..။ အဲဒီအိမ်မှာ မိအေးနဲ့အတူ ဖတဆိုးလေးဖြစ်တဲ့ အသက် နှစ်နှစ်ကျော်ကျော် ဂျစ်တူးဆိုတဲ့ ကောင်လေး ရှိတယ်။ တစ်ဦးတည်းသော သားလေးကို ဖူးဖူးမှုတ်လောက်အောင် ချစ်တာပေါ့။ ဈေးရောင်ပြီးလို့ အိမ်ပြန်လာတိုင်း ဂျစ်တူးလေးအတွက်စားစရာ တစ်ခုခုဝယ်ပြီးမှ ပြန်လေ့ရှိတယ်။
တစ်နေ့တော့ ဈေးရောင်းပြီး အိမ်အပြန် သားသားဂျစ်တူးလေးစားဖို့ ရွာထဲကနေ ပဲကြီးလှော် တွေဝယ်လာတယ်။ အိမ်ရောက်တော့ အိမ်ရှေ့အဖီလေးအောက်မှာ တစ်ယောက်ထဲ ဆော့နေ့တဲ့ ဂျစ်တူးလေးကိုတွေ့တယ်။ ဂျစ်တူးလေးကလည်း အမေပြန်လာတာတွေတော့ သူ့အတွက်ဘာများ ပါမလဲလို့ ပေကလပ်ပေကလပ်လေး ကြည့်နေတယ်။ မိတူးလည်း ရွက်လာတဲ့ရွက်တောင်းလေးကို အိမ်ရှေ့ အဖီလေးကို ထောက်ထားတဲ့ ၀ါးပိုးတိုင်အောက် နားလေးမှာချပြီး သားလေးကိုခေါ်တယ်။ ”သားလေးဂျစ် ရေလာပါအုံး”

ဂျစ်တူးက အပြေးလေးလာတယ်။မိတူးရဲ့ဘေးနားကတိုင်ကို လက်တစ်ဖက်နဲ့ ဖက်ပြီး တစ်ပတ်လည့်လိုက်သေးတယ်။ ပျော်လို့နေမှာ….မုန့်စားရတော့မှာကိုး..။ မိတူးကလည်းပြုံး ပြီးသားလေးကို ကြည့်ုတယ်။ ”သားလေးရေပျင်းနေပြီလား..ရော့သားလေးစားဖို့ မေမေပဲကြီးလှော်လေးတွေ ၀ယ်လာတယ်”ပေါ့။ ဂျစ်တူးလေးကလည်း ပါးစပ် နားရွက် တက်ချိတ်မတက်ပြုံးတယ်။ ဖတ်ထားတဲ့ ၀ါးပိုးတိုင်ကို ရင်ဘက်နဲ့ ဖိပြီး လက်နှစ်ဘက်နဲ့ တိုင်ကိုခွကာ မိအေးအရှေ့ကို လက်နှစ်ဘက်ဆန့်ပေးတယ်။ မိအေးလည်းဆန့်ပေးတဲ့ လက်နှစ်ဘက်ထဲကို ပဲကြီးလှော်တွေ အပြည့် ထည့်ပေးလိုက်တယ်။

“ သားလေးစားနေနှင့်နော်..မေမေ ထမင်းသွားချက်လိုက်အုံးမယ်” ပြောပြီး အိမ်နောက် ဖေးထဲကို ၀င်သွားတယ်။ကလေးကတော့ လက်ခုတ်ထဲက ပဲလှော်နဲ့ အလုပ်ရူပ်နေတယ်။ သူ့ ခန္ဓာကိုယ်လောက်ရှိတဲ့ ၀ါးပိုးတိုင်ကိုဖက်လျှက်နဲ့သူ့ လက်နှစ်ဖက်ပူးပြီး ပဲလှော်ကိုခံယူထားတာဆိုတော့ သူ့ လက်ထဲက ပဲလှော်သူ့ ပါးစပ်ထဲရောက်ဖို့ အ လယ်မှာတိုင် ခံနေတယ်။ သူစားလို့ မရဘူးဖြစ်နေတယ် လက်ကိုမြေုာက်ပြီးကြိုးစားတယ် မရဘူးပဲကြီးလှော်ကပြုတ်ကျသွားတယ်၊ လက်ကိုအောက်ဘက် အသာလျှော့ ဒူးထောက်ပြီး စားဖို့ ကြံတယ်၊ မရဘူး ခန္ဓာကိုယ်နဲ့ လက် ကြားထဲကတိုင်ကခံနေတယ်။ ဒီနည်းနဲ့ မရတော့ ထပြီးကြိုးစားပြန်တယ် စားလို့ မရတိုင်ခံနေတယ် ပဲလှော်နှစ်စေ့လောက် အောက်ကျသွားတယ်။ ထိုင်လိုက် ထလိုက်နဲ့ သူစိတ်တိုလာတယ်၊ လက်နှစ်ဖက်လည်း မဟ ရဲဘူး၊ လက်ဟလိုက်တာနဲ့ ပဲလှော်တွေကျ သွားမှာကိုး၊ မြင်သာမြင်မကြင်ရဖြစ်နေတယ်။ ကြာတော့ သူစိတ်ပိုတိုလာတယ် သူဘာလုပ်ရမလဲမကြံတတ်ဘူး။ အဲ ကျွမ်းကျင်တာတစ်ခုရှိတယ်။

ဒါနဲ့ သူ အကြွမ်းအကျင်ဆုံးအလုပ်ကိုလုပ်လိုက်တယ်“.၀ါး…၀ါး..၀ါး… …”

နောက်ဖေးမှာအလုပ်ရှုပ်နေတဲ့မိတူး ခေါင်းထောင်သွားတယ်၊ အိမ်ရှေ့မှာရှိတဲ့က လေးဘာလို့ အော်ငိုရလဲပေါ့၊ စဉ်းစားရင်းအိမ်ရှေ့ကိုအပြေးလေးထွက်လာတယ်၊ မြင်ကွင်းကေ၀၀ါးသွားတယ်…. မိတူးစဉ်းစားတယ် ငါ့ကလေးလက်ကြား ထဲမှာ တိုင်ကဘယ်လို ရောက်လာတာလဲပေါ့၊ ကလေးကို ကိုင်ကြည့်တယ် ကလေးကအာဗြဲကြီး နဲ့ ပို ငိုတယ် ။ ငိုမှာပေါ့ သူ့ အမေသူ့ ကိုဆွဲရင်ပဲကြီးလှော်တွေ ပြုတ်ကြမှာကိုး၊ ကလေးတအားငိုတော့ မိတူးကလေးကိုမထိရဲဘူး ဘာလို့ ဒီလောက်ငိုနေလဲ မစဉ်းစားတတ်ဘူး၊ လက်ကြားထဲကတိုင်ကြောင့်လား ..ဒါလည်း ဇဝေဇ၀ါ …. သူဘာလုပ်ရမလဲ စဉ်းစားတယ် နားတွေအူ လာတယ်။ ခေါင်းတွေကြီးလာတယ်၊ ဆံပင် တွေထောင်လာတယ် ။ သဘောမပေါက်ဘူး ကလေးကလည်းငိုနေတယ်၊ ဘာလုပ်ရမလဲစဉ်းစားရင်း….”လာကြပါအုံး ကယ်ကြပါအုံး ဂျစ်တူးလေး ဘာဖြစ်တယ်မသိဘူး ဆိုပြီးရပ်ကွက်ထဲလိုက်အော်တယ်၊ ရပ်ကွက်ထဲကလူတွေရောက်လာတယ် တိုင်မှာ လက်နှစ်ဖက်ကို ပူးပြီးကြိုးနဲ့ တုတ်ထား တဲ့ပုံမျိုး ကလေးကအာဗြဲကြီးနဲ့ ငိုနေတယ်၊ လက်ထဲမှာလည်း ပဲကြီးလှော် တွေအပြည့်။ လူတွေများများမြင်လေ ကလေးကပိုငိုလေ..သူ့ဝေစုလေး ခွဲပေးရတော့မယ် ထင်လို့။ သူကြီးရောက်လာတယ် မြင်ကွင်းအားလုံးကိုမြင်တယ်။သူကြီးစဉ်းစားတယ် ၊ဒါမှတကယ်ပြဿနာ… သူဖြေရှင်းမှရတော့မယ်..သူကိုပညာစမ်းတာလို့စဉ်းစာပြီး ရွာထဲက ပညာရှိတွေအားလုံးကို ဆင့်ခေါ်လိုက်တယ်။ ပညာရှိ ဆယ်ယောက်လောက်ရောက်လာတော့ သူကြီးက အခု ဂျစ်ထူးလေးရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ အမိန့်ပေးလိုက်တယ်။ ပညာရှိတွေ ခေါင်းချင်းဆိုင်သွားတယ်။ တစ်ယောက်တစ်ပေါက်ပြောကြ ငြင်းကြနဲ့ ရှုတ်ကုန်တယ်။ သူကြီး စိတ်မရှည်တော့ ဘူး ထပ်ပြီးအမိန့်တော် ကြော်ငြာတယ်…“ဒီပြသနာကို အကောင်းဆုံး ရှင်းနိုင်တဲ့သူကို ရွာပိန်းလေး ရွာရဲ့ပညာရှိအစစ် အဖြစ်ရွေးချယ်မယ်” လို့ ။ အမိန့်သံကြားတာနဲ့ ပညာရှိတွေ အုပ်စုကွဲသွားတယ် သူအုပ်စု ကိုယ်အုပ်စုတွေ ခွဲပြီးပါတီဖွဲ့ကြတယ်၊ ရေတိုရေရှည်ပလန်(Plan)တွေဆွဲကြတယ်။ ကလေးအနားသွားပြီး အကဲခတ်ကြတယ်။ ဂျစ်တူးလေးကတော့ ငိုနေမြဲ…

ပထမ ပညာရှိ ပါတီ အဖွဲ့က အရင်ဆုံးသူကြီးကို အစီရင် ခံစာတင်တယ်.. “၀ါးပိုးတိုင်ကို အလည်ကနေ တစ်ပိုင်း အောက်ကနေတစ်ပိုင်း နှစ်ပိုင်းဖြတ်လိုက်ရင် ကလေးကို အသာလေး ယူလို့ရပြီ” လို့ လည်းဆိုရော မိအေး မျက်လုံးပြူးသွားတယ်။ နကိုယ်ကမှ ခပ်နွှဲ့နွှဲ့အိမ်လေး ၊သည်အိမ်ရှေ့က တိုင်တစ်တိုင်ထပ်ဖြတ်လိုက်ရင် အဖီကလေး တစ်ခြမ်းပါ အိကျသွားမှာပေါ့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူးပေါ့၊ သူကြီးကို အားကိုယ်တကြီးကြည့်တယ်။သူကြီးက လည်း မိအေးရဲ့ အကြည့်ကို နားလည်တော့ ပညာရှိတွေဘက် လည့်ပြီး “ မုဆိုးမအိမ်ဆိုတာ မဖျက်ဆီးကောင်းဘူးလို့ ရှေးလူကြီးတွေက မိန့်ဆိုထားတယ်..ဒါကြောင့် ပထမ အဆို တင်သွင်းတဲ့ တိုင်ဖြတ်ပါတီ အဖွဲ့ရဲ့ အဆိုကို ပယ်ဖျက်ပါတယ်” လို့ မိန့်မိန့်ကြီးပြောလိုက်ပြီး “အမိန့် အသစ်ချမယ် ဂျစ်တူးလေးလည်းလွှတ်ရမယ်.. ပဲလှော်တွေလည်း တစေ့မှ မဖိတ်စေရ …. မုဆိုးမအိမ်တိုင်တွေလည်းမဖြတ်ရ” ဆိုတော့ တိုင်ဖြတ်ပါတီတွေ အလိုလိုပြုတ်သွားတယ်။ ဒုတိယအဖွဲ့က အဆိုအသစ် တင်သွင်းတယ်။ “ ဒါဆို အိမ်တိုင်းကို မဖြတ်ဘူး တိုင်ရဲ့အောက်ကနေတူးပြီးမှ ကလေးကိုချွတ်ယူမယ် ..ကလေးလည်းလွတ်မယ် ပဲလှော်တွေလည်း မဖိတ်စေရဘူး”ဆိုတော့ သူကြီးက မျက်လုံးလေးမေးပြီး စဉ်းစားတယ်၊ ဒီအဆိုကတော့ ဟုတ်သလိုလိုပဲ လို့ တွေးပြီး မြေတူးပါတီကို “လုပ်စေ” လို့ အမိန့်ပေးလိုက်တယ်။ မြေတူးပါတီ လုပ်ငန်းစကြတယ်။ ရွာထု ပရိတ်သက်က သူ့ထက်ငှါ တိုးဝေ့ ကြည့်ကြတယ်။ ဒီလို ပညာရှိတွေရဲ့ ဆုံးဖြတ်ခန်းဆိုတာ ကြည့်ရခဲတာကိုး……….

မြေတူးပါတီကလည်း လူထုပရိတ်သတ်အရှေ့မှာ အားကျိုးမာန်တက် ကုန်းကုန်းကွကွ တူးကြတယ် မာန်ပါလွန်းအားကြီးတော့ ဂျစ်တူးကိုတိုက်မိတယ်၊ တိုက်မိတော့ ဂျစ်တူးလေးယိုင်သွားတယ်၊ယိုင်သွားတော့ ပဲလှော်တစ်စေ့နှစ်စေ့ ကျသွားတယ်။ ပဲလှော်တွေ ကျသွားတော့ ဂျစ်တူးက မြေတူးပါတီတွေကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ ကြည့်ပြီး “..၀ါး..၀ါး..၀ါး”

မြေတူးပါတီနှုတ်ထွက်ရပြီ ။ သူကြီးရဲ့ အမိန့်နဲ့မကိုက်ညီတဲ့ အလုပ်ဖြစ်သွားလို့ အလိုလိုပြုတ်သွားတယ်။ နောက်ဆုံးအဖွဲ့က အဆိုအသစ် တင်သွင်းတယ်။ “တိုင်လည်းမဖြတ်ဘူး..မြေလည်းမတူးဘူး… ဂျစ်တူးလေးလည်းလွှတ်ရမယ်.. ပဲလှော်တွေလည်း တစေ့မှ မဖိတ်စေရဘူး.. ၀ါးပိုးတိုင်အပေါ်က အိမ်အဖီရဲ့ အမိုးကို နည်းနည်းဖေါက်ပြီဂျစ်တူးကို မ ထုတ်မယ်..ပဲလှော်တွေမဖိတ်အောင် ဂျစ်တူးရဲ့လက်ကို နှစ်ယောက်က ၀ိုင်းထိန်းပေးမယ်” ဆိုတော့ သူကြီးက ခေါင်းတညိတ်ညိတ်နဲ့ အင်း ဟုတ်ပေတာပဲ လုပ်စေလို့ အမိန့်ပေးလိုက်တယ်။ အိမ်ဖေါက်ပါတီ လုပ်ငန်းစကြတယ်။ ရွာထု ပရိတ်သက်ကလည်း တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးပြီး သူထက်ငါ အလုအယက် ကြည့်ကြတယ်။ဒီလိုကိစ္စက တခြားရွာတွေကို သွားကြွားလို့သိပ်ကောင်းတဲ့ ရတောင့်ရခဲ သတင်းကောင်းလေ..။ အိမ်ဖေါက်ပါတီက တစ်ယောက်က အိမ်အမိုးကိုဖေါက်…. တစ်ယောက်က ဂျစ်တူးလေးကို မ…..တစ်ယောက်က ဂျစ်တူးလေးရဲ့ ပဲလှော်တွေပြည့်နေတဲ့လက်ခုတ်လေးကို အောက်ကနေပင့်ထိန်းပြီး ဂျစ်တူးလေးကို အိမ်တိုင်ကနေ အောင်မြင်စွာနဲ့ ချွတ်ယူလိုက်တယ်။ အောင်မြင်သွားတယ်။ ပဲလှော်တွေလည်းမဖိတ်ဘူး ..အိမ်တိုင်လည်းမဖျက်ရဘူး… တွင်းလည်းမတူးရဘူး….အဲ အိမ်ရှေ့ခေါင်မိုးလေးတော့ နည်းနည်းပေါက်သွားတယ်။ သူကြီးက ခါးလေးထောက်ပြီးပြုံးနေတယ်။ ရွာလုံးကျွတ် လူထုပရိတ်သတ်က လက်ခုတ်ဝိုင်းတီးကြတယ်။ မိအေးက အောင်နိုင်သူ အပြုံးလေးနဲ့ ခပ်ကြွားကြွားဟန်လေးနဲ့ လူထုပရိသတ်ဘက်လှည့်ပြီး လှမ်းပြောလိုက်တယ်……..

“ဒါမှ ဒို့ရွာက ပညာရှိတွေ” တဲ့။