Saturday, July 3, 2010

ကိုယ်ကျင့်သောတရား

ငါ့ဂိုထောင်ထဲမှာ

ပြည့်ညက်သိမ့်နေတဲ့

လောဘနဲ့ဒုစရိုက်ကို

ဆန္ဒတရားနဲ့တခါးချပ်လုပ်

သိက္ခာဆိုတဲ့သော့နဲ့ပိတ်ထားတော့

ငါ့နှုတ်ခမ်းဝမှာ

ခိုးသား၃၂ယောက်က

သော့တုထွင်နေတယ်။

နားကြားပြင်းကပ်စရာ

သဒ္ဓါတရား မရှိသူ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ

သဒ္ဓါတရားနဲ့ ပတ်သက်သော တရားစကားသည်

နားကြားပြင်းကပ်စရာ...

မေ့လျော့ ပေါ့တန်တဲ့ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ

သတိနဲ့ ပတ်သက်သော တရားစကားသည်

နားကြားပြင်းကပ်စရာ...

စိတ်ပျံ့လွင့်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ

သမာဓိနဲ့ ပတ်သက်သော တရားစကားသည်

နားကြားပြင်းကပ်စရာ...

ပညာမရှိတဲ့ လူမိုက်ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ

ပညာနဲ့ ပတ်သက်သော တရားစကားသည်

နားကြားပြင်းကပ်စရာ...