Wednesday, August 14, 2013

နှမြောတသ ဝမ်းနည်းမိခြင်း.feeling

August ... ဒီလ ကျိန်းစာသင့်တဲ့ လ များလားလို့တောင် တွေးမိတယ်။ မိုးကောင်းကင်မှာ ကြယ်မိုး တွေရွာတယ်...... မြေပြင်မှာလည်း ကြယ် တွေ မြေခ ကြွေကျတယ်...... အပြစ်မဲ့ အရပ်သား တချို့ ဘုမသိ၊ဘမသိ အသတ်ခံရတယ်........ သမိုင်းထဲမှာလည်း ဒီလမှာ ကြယ် တွေဒုနဲ့ဒေး ကြွေခဲ့ရတယ်....... မြေပြင်က ကြွေလွင့်တဲ့ကြယ်တချို့ (တာရာမင်းဝေ၊ ထူးအိမ်သင်၊ မောင်ဝံသ၊ မင်းသုဝဏ်၊ စာရေးဆရာမင်းလူ၊ အားလုံး ၈လပိုင်းမှာ ဆုံးသွားကြတယ် ) တာဝန်ကျေစွာ ထွန်းလင်းခဲ့တဲ့ ကြယ် ပွင့်များ ကောင်းရာဘုံမှာ အိပ်စက်အနားယူနိုင်ကြပါစေ.... Aungzaw OO —

Tuesday, March 5, 2013

ဟိုသတင်း ဒီသတင် အတိုအထွာ

ဟိုသတင်း ဒီသတင် အတိုအထွာ စံဂျူး ဖေဖ၀ါရီ 17. 2013 ဖယောင်းတိုင်အလင်းအောက် တနေ့ ထမင်းတစ်နပ် အနိုင်နိုင်စားရင်း ဒီမိုကရေစီ အရေကိုချုံ ရင်တလှပ်လှပ် ခိုလှုံရတုန်းမှာ တို့ပြေ တို့မြေ ကမ္ဘာမကြေ…… လာပါပြီးခဗျ တရုတ်၊ ဗမာ ၊ ရိုဟင်ဂျာ…..။ နားနားပြီးပြော ကြမယ်ဆိုရင် ကျနော်ကတော့ ပယောဂ ကင်းနေလည်း မနောမယ ဆေးမှီးတိုတော့ သောက်ဖြစ်မှာပဲ။ ငယ်ငယ်တုန်းက စံရှားနဲ့ ဒိန်းဒေါင် ဖတ်ရင်း မျှော်ရင်း ပျော်ဖူးတယ် ကြီးလာတော့ ဆန်ရှားပြီး မီးမှောင် ဖတ်ရင်း မျှော်ရင်း….အော်ရင်း….။ ငါးထောင်တန်း ဆင်းမ်ကဒ်နဲ့ တစ်သိန်းခွဲတန် ဆင်းမ်ကဒ် အပြန်အလှန် အငြင်းပွားရင် ဆက်သွယ်ရေး ပြင်ပကိုရောက်သွားတော့မှ ခြင်္သေ့တွေ မျိုးမတုန်းအောင် ကာကွယ်ဖို့ ဥပဒေတစ်ခုရေးလိုက်တယ် လူတိုင်း ခြင်္သေ့ပုံကို တသသ ကြည့်စေ…သိမ်းစေ…။ ထင်းစည်းလာ ..မချိုးပါနဲ့ကွာ ပင်ပန်းတယ် တစ်ခါတည်း မီးသွေးဖုတ်လိုက် ဒါမှ ငွေမြန်မြန်ပေါ်တာ…(ပုံ အ့ာတီ) ကျနော့အမြင်အတိုင်းပြောရရင် ငြိမ်းချမ်းရေးလား… ကြေး တွေ၊ သတ္ထုတွေခဲတွေ တောင်တွေ ချိုင့်တွေက သူ့တူပုန်းသွားမှ ရမှာပါကွာ.. ကယ် စိန်လိုက်ရအောင်….. တူး…ပြီး …လား….။ ရိက္ခာ နဲ့ သိက္ခာ ကို နောင်းရေးအတွက် တစ်ဖဲ့ခြင်းလည်းလိုက်တယ် ရိက္ခာ လည်းကုန် သိက္ခာလည်း………ကုန် ပိတ္တာတော့ ဖြစ်ကုန်ပါပြီဗျာ….။ ။ စံဂျူး ဖေဖ၀ါရီ 17. 2013

Saturday, November 10, 2012

အသံထွက်ဗျည်း ----ခင်ဝမ်းသစ်

အသံထွက်ဗျည်း ----ခင်ဝမ်းသစ်
(၁၉၉၃ စက်တင်ဘာ ရွှေသမင် မဂ္ဂဇင်း )

အိပ်ယာဝင်ချိန်
မျက်လုံးအိမ်ကို အနားပေး
နွေးထွေးစွာအိပ်ကြဖို့
မျက်စိသူငယ်အိမ်တွေက နှိုးဆော်
" အိပ်ပျော်ချိန် ၈နာရီရှိမှ" တဲ့
ဆရာဝန်ရဲ့စကား
ဖျားနာနေတဲ့နှလုံးသားကို မကျီစယ်ပါနဲ့ ....


ပရိုဇင်းတဲ့
ဗေလီယံတဲ့
ဒိုင်ယာဇီပန်တဲ့
ပေးတတ်လိုက်တဲ့ နာမည်တွေ
ကြားရုံနဲ့ရီဝေဝေ လွင့်မျော
နှစ်ခြိုက်စွာ အိပ်မောကျဖို့
သူတို့ကယ်မှတဲ့လား
ဆွံ့အနေတဲ့နှလုံးသားကို မနှိပ်စက်ပါနဲ့........

အပြာရောင်ကောင်းကင်
" မိုးယံဝဝယ် လကိုမြင်
ကြယ်စင် ဟုတ်ဘူး "
မြဝတီဦးစကိုမှန်း
လွမ်းဓလေ့ပတ်ပျိုး တပိုင်းတစ
သန်းခေါင်မှာထိုးခွဲ
တိမ်သားထဲမှာ နှစ်များကြာခဲ့ပေါ့
ဆို့နစ်နေတဲ့ နှလုံးသားကို မခြေမွပါနဲ့......

ဗျဉ်းသုံးဆယ့်သုံးလုံးထဲက
ဆယ်လုံးမြောက် ဗျဉ်းကလေး
အေးစက်ထုံထိုင်း ခပ်ရိုင်းရိုင်းဆက်ဆံ
သူ့သဏ္ဍာန်ဟာ
မှန်မှာတစ်မျိုး
အပြင်မှာတစ်မျိုး......

သည်လိုနဲ့ပဲ
တိတ်ဆိတ်စွာကြေကွဲနေတဲ့
အိပ်စက်မှုတွေကာလမှာ
နောက်ဆုံး " အ " တစ်လုံး
ဆယ်လုံးဗျဉ်းရှေ့
နှစ်ဆင့်ထိုးရှေ့ထွက်
ခပ်သွက်သွက်ရင်ကော့
မအိပ်တော့တဲ့ ငါ့နား
မာရသွန်ခြေဖဝါးနဲ့
လွှားခနဲ ခုန်ချ .......

အောက်နှုပ်ခမ်းက စိမ့်ထွက်လာတဲ့
သွေးစတွေကတော့
မေးဖျားနဲ့ တွေ့ဆုံနေကြပေါ့.......

ခင်ဝမ်းသစ်

Wednesday, July 25, 2012

ခေတ်ထဲက တိုးတက်မှု

ခေတ်ထဲက တိုးတက်မှု
စံဂျူး
ကျနော်လား အမြင်ကျယ်လာလိုက်တာ..
မြောင်းကိုလည်း မြစ်ထင်လို့ထင်
ရေကာတာပဲ တည်ဆောက်ချင်လာတယ်။
ကျနော်လား အိုင်တီခေတ်ကို လေ့လာနေရင်း…
ဂျီထော့(Gtalk)နဲ့ ဖေ့စ်ဘွတ်(Facebook)ကြားမှာ
ဝေ့လည် ဝေ့လည်..။
ကျနော်လား ဖတ်ပါမှတ်ပါဆိုလို့
စာအုပ်တစ်အုပ် ကိုင်ထားတယ်... ကြာ…ပေါ့
အဖုံးတွေလည်းတွန့်ကြေ
လက်ဆီတွေလည်း စွန်းထင်
မာတိကာတော့ ခုထိ မလှန်ရသေးဘူး..။
ကျနော်လား အတင်းလားမသိ
သတင်းလားမသိ
ဝိုင်အော်သူနောက်က လိုက်
လက်ခမောင်းခတ်ပြလိုက်တယ်
ကျနော့ကို ဘာကောင်ထင်လည်…..??? ။
ကျနော်လား အမြင်ကျယ်လာလိုက်တာ..
ကောင်းကင်ပေါ်က လမင်းရယ် ကြယ်တာရာရယ်
ဖယောင်းတိုင်းရယ် ဟိုရင်ဂျာရယ်
အထိကရုန်းရယ်……လူးသားဆန်မှုရယ်
ရေကာတာပဲ တည်ဆောက်ချင်လာတယ်။
ဒီလို ဝေ့လည် ဝေ့လည်…..နဲ့…
မာတိကာတော့ ခုထိ မလှန်ရသေးဘူး..။
ကျနော့ကို ဘာကောင်ထင်လည်…..??? ။
ကျနော် အမြင်ကျယ်လာလိုက်တာ…
ခေတ်ထဲက တိုးတက်မှု တွေနဲ့
စမ်းတ၀ါးဝါးမို့… ခုဆို
ကျနော့အနောက်မှာ သုည လေးလုံးတောင်တိုးလာပြီ။
စံဂျူး

“သူ့အချိန် - သူ့အခါ”

“သူ့အချိန် - သူ့အခါ”
စံဂျူး 21.july 2012
ကလေးဘ၀မှာလည်း ရိုးရိုးသားသား
မေမေနဲ့ဖေဖေ ကြားမှာ နွှဲ့ဆိုး၊ ဂျီတိုက်
ကလေးဘ၀ ဖြစ်ခိုက်လေးမို့..
ကလေးပီသစွာပဲ ဖြတ်သန်းခဲ့တယ်။

ပညာသင်ရွယ်မှာ အတွေးများပွား
လမ်းသလားလိုက် စာခိုးချလိုက်
ကျောင်းသားဘ၀ ဖြစ်ခိုက်လေးမို့…
ကျောင်းသားပီသစွာပဲ ဖြတ်သန်းခဲ့တယ်။
လူပျိုဝင်စ အူကြောင်ကြားအစမှာ
တီးဆိုင် ထိုင်လိုက် မဒီငန်းလိုက်
ကာလသား ဖြစ်ခိုက်လေးမို့…
ဟိုလိုလိုဒီလိုလိုပဲ ဖြတ်သန်းခဲ့တယ်။

ကျောင်းလည်းပြီး အသက်လည်းကြီးတော့
ငွေလည်းရှာ ကြင်ယာလည်းရှာ သောက်စားရင်း
လူရွယ်ဘ၀ ဖြစ်ခိုက်လေးမို့…
ခွန်အားလည်းစိုက် လူကြီးဂိုက်ဖန်းပြီ ဖြတ်သန်းခဲ့ရတယ်။

ငွေထက် ကြင်ယာ အရမြန်တော့
ကလေးတစ်ယောက် ဗြုန်းဆို ရောက်လာတော့
ဖခင်တစ်ယောက် ဖြစ်ထိုက်ပြီမို့…….
ဖခင်တစ်ယောက်ပြီသစွာ ဖြတ်သန်းချင်ပါ၏..။
စံဂျူး 21.july 2012

Thursday, May 10, 2012

ကျနော်ထုဆစ်ထားတဲ့ ကျနော်၏ ပုံရိပ် ရေးထားတာတော့ကြာပါပြီ အခုမှတင်ဖြစ်တာပါ။ ဘန်ကောက်မှာ အပတ်စဉ်ထုပ်ဝေတဲ့ အလင်းရောင်စာကြည့်တိုက်ရဲ့ အပတ်စဉ်သတင်းများစူစည်းမှု စာစောင်မှာတော့ တစ်ခေါက်ထည့်ဖူးတယ်၊အခုနည်းနည်းလေးပြုပြင်ပြီး အွန်လိုင်းပေါ်က သူငယ်ချင်းမိတ်ဆွေးတွေများ အားပေးမလားလို့ ပြန်တင်ကြည့်တာပါ။


ကျနော်ထုဆစ်ထားတဲ့ ကျနော်၏ ပုံရိပ်
စံဂျူး (ရသ ၀တ္ထုတို)
ဘန်ကောက်ရဲ့ ညနေစောင်း နေ၀င်ခါစ.. လေနုနွေးနွေး တရိတ်ရိတ် တိုက်ခတ်နေအချိန်အကြင်နာရိတ်(လက္ဘရည်)ဆိုင် ထဲက သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းလေးနှင့်အတူလူငယ်တစ်စုရဲ့ငြင်း ခုံသံလေးလည်း တိုးတစ်ခါကျယ်တစ်လှည့် ဆိုင်အပြင်ဘက်ကို တစ်ချက်ချက် လျှံထွက်လာသည်။
“အချိန်မရှိပါဘူးဟုတ်လား” ကိုအောင်က ခေါင်းတညိမ့်ညိမ့် လုပ်ရင်း အလေးအနက် တွေးနေဟန် တိုးတိုးလေးရေရွန်လိုက် တယ်။ ကိုထွေးက ကိုညီအောင်ရဲ့ အမေးကို ယတ္တိပြတ်ငြင်းပြီး ငြိမ်နေလိုက်တယ်။
“ကိုထွေး ခင်းဗျားပြောတာ တစ်ခုခုတော့ လွှဲနေပြီးနော်” ကိုညီအောင်စိတ်ပြက်သည့်ပုံနှင့်…“အချိန်မရှိဘူး ပြောရအောင်ခင်ဗျားက ၂၄နာရီ လည်ပတ်နေရတဲ့ နျူကလီး ယားစက်ယန္တးရားမှ မဟုတ်တာ ခင်ဗျားမှာ အလုပ်လုပ်ချိန်ရှိသ လို စားချိန် နားချိန် အိပ်ချိန်တွေ အပိုရှိနေတာပဲ မဟုတ်လားဗျ” “အဲဒါက ကျနော့ရဲ့ ကိုယ်ပိုင် အချိန်တွေလေဗျာ”
လို့ ကိုထွေးက ငြင်းတော့ကိုညီအောင်တစ်ချက်ပြုံးလာသည်၊သူ့ဂွင်ထဲဝင်လသူ ကို အပိုင်ရိုက်တော့မဲ့သဘောမျိုးကြည့်နေသည်၊။ “အဲ့ဒါအဖြေပဲဗျကိုထွေ”ပြောပြီးတော့စာပွဲထိုးကောင်းလေးဘက် လှည်ပြီး “ညီလေးရေ ရေနွေး တစ်အိုးလောက်ကွာ” လှန်းမှာပြီး ကိုထွေးဘက်ပြန်လှည့်လိုက်တယ်၊“ဒီလိုဗျကိုထွေးကျနော်ပြောတာလည်းကိုယ်ပိုင်အချိန်တွေကိုအကြိုးရှိရှိအသုံးချဖိုပဲပြောတာပါဗျာ.. ကျနော်တို့တွေက အလုပ်...ပြီးရင်စာ..ပြီးရင်အိပ်..ပြီးရင် အလုပ် ဒါနဲ့ပဲသံသရာလည်နေလို့မဖြစ်ဘူးဗျ၊ ကျနော်တို့က မြင်း တွေနွားတွေမှမဟုတ်တာဦးနှောက်ရှိတယ်လေဗျာ..ဦးနှောက်ကို အလဟပ်သက် ပြစ်ထားလို့မရဘူးဗျ၊ သူကို ပြုစုပေါင်းတင်ပေးရ တယ်လေ ” ပြောရင်းရေနွေးတစ်ခွက်သောက်လိုက်ကာ…
“ဦးနှောက်ဆိုတာမြေကွက်ရိုင်းကြီးနဲ့တူတယ်ဗျ သူ့ကိုစနစ်တ ကျပေါင်းတင်မယ် မြေဩဇာထည်မယ်ဆိုရင်ကိုယ်ကြိုက်တာ စိုက်လို့ရတဲ့ မြေကွပ်ဖြစ်ပြီဗျ.. ဦးနှောက်ကိုလည်းစနစ်တကျ စဉ်းစာတွေးခေါ်တက်ဖို့ စာပေဆိုတဲ့ မြေဩဇာထည့်ပေးရတယ် ဒါမှအမှားနည်းတဲ့ဘ၀ကို တည်ဆောက်နိုင်မှာပေါ့”
ကိုညီအောင်ပြောတော့ ကိုထွေးခတ်ရွံရွံလေးပြုံးနေတယ်၊ ဒီပွဲ မှာ ကျနော်နဲ့ကိုထွန်းရှိန်တို့ကပွဲကြည့်ပရိသက်၊နားထောင်နေယုံ မှလွဲလို့ ဘာမှဝင် မဆွေးနွေးနိုင်တော့ငြိမ်ငြိမ်လေးပဲကိုယ့်ဘက် မလှည့်လာအောင်သာ ဂရုစိုက်ပြီးထိုင်နေလိုက်တယ်။
ကိုညီအောင်ကကျနော်တို့ အဖွဲ့ထဲမှာ ဗဟုသုတအ ကြွယ်ဆုံး၊ နိုင်ငံရေးမေးမလာ လူမှုရေးမေးမလား ကမ္ဘာကြီးအကြောင်း မေးမလာ သူအကုန်သိသလို ကျနော်တို့ မေးရင်လည်း မမောနိုင်အောင်ကိုရှင်းပြတယ်။မသိတာတွေရှိရင်လည်းကျနော် အဲ့ဒိအ ကြောင်းမလေ့လာရသေးဘူးလို့ရိုးရိုးသားသားဝင်ခံတက် တယ်၊သူကိုကျနော်တို့က ဒေရှင်နရီလို သဘောထားသလိုတိတ် သူခိုးလေး စားကြပါတယ်။ကိုထွန်းရှိန်ကတော့လူတစ်မျိုးဘယ်သူ ဘာပြောပြောသူက ဘော်လုံးအကြောင်းပဲစိတ်ဝင်စားလို ကျ နော်တို့ဝိုင်းမှာ ကိုညီအောင်မရှိရင် သူ အာအသွက်ဆုံးပဲလေမန် ယူပြောမလား အာဆင်နယ်ပြောမလားသူအကုန်သိတယ်။ဘယ် သူကဘယ်အသင်းက ဘယ်သူကဘယ်လိုကန်တယ်..ဘော်လုံး သမားဆိုရင် ပီလီကအစ ရီုနယ်ဒို အဆုံးသူသိတယ်၊လူ ၂၂ ယောက်ကြားပတ်ပြေးနေရတဲ့ ဘော်လုံးရဲ့ဘ၀ကို ထိုင်ကြည့်ရ တာဝါသနာထုံတယ်။ကျနော်နဲ့ကိုထွေးတို့က၀ါသနာတူတယ်၊အချိန်အားရင် ဖုန်းတစ်လုံးနဲ့ ဒေါင့်တစ်ဒေါင့် ကပ်ပြီးကိုမမြင်ဖူးသေး တဲ့ ကောင်မလေးတွေ ဖြူသလားမဲသလား အပျိုလားအအိုလား ဂရုမဆိုက်အား ထိုင်ပွားနေတော့တာပါပဲ။ ကိုထွေးက နေ့ဖုန်းဖ ရီးကောလ် (Free Call)လုပ်ထားလိုက်ပြီး ကျနော်ကညဖုန်းဖရီး ကောလ်၊ဖုန်းကမ္ပဏီတွေကိုယ်စာစကာပြောချင်သူ ဘယ်သူ့ကို မဆို ဖုန်းချိတ်ပေးရတာ ပျော်ဖို့တော်တော်ကောင်းတယ်လေ.. တစ်ခါတလေဆို ည ၃နာရီတောင်ထိုးတဲ့အထိ ကောင်မလေး တွေနဲ့ စကားလက်စုံကြဖြစ်တယ် ၊ ဘာတွေပြောကြတယ်းတော့ မမှတ်မိပါဘူး စကားပြောရတာ ၀ါသနာပါလို့ပါ။
“ကိုညီင်္အောင်ကလည်းဗျာ ကျနော်က ကျနော့ရဲ့ကိုယ် ပိုင်အချိန်တွေကို အကြိုးရှိရှိ အသုံးချပါတယ်ဗျ ကျနော်နည်း နည်းအား တာနဲ့ ကျနော်ပိုးနေတဲ့ မေရီလွင်နဲ့ ရှေ့ရေးနောက်ရေး တွေအတွက် အခုကတည်းကနားချလမ်းခင်းနေရတယ်လေဗျာ” ကိုထွေးကျနော့ဘက်ကြည့်ပြီး ရီပြတော့ ကျနော်ကလည်းဟုတ် လို့ ကိုထွေးဘက်ကလိုက်ပြီးထောက်ခံပေးလိုက်တယ် ဆိုင်ရင်ပဲ… “ခင်ဗျားတို့နှစ်ယောက်တော့ ဂွကျပါပြီးဗျား”
စိတ်ပြတ်သလိုငြီးရင်း ရေးနွေးထပ်ငှဲ့သောက်လိုက်ပြီး တစ်ခုခု ကိုအလေးအနက်တွေး နေသလိုစာပွဲးခုံကိုစိုက်ကြည့်နေတယ်။ စာပွဲးခုံ ပေါ်က လက္ဘရည်ခွက် တွေကတော့ ပြောင်သလင်းခါနေပြီ။ ရေနွေးအိုးလည်းသုံးလုံးကုန်ပြီ… စကာလုံးတွေ လည်းလေးဦးကြား သတင်္ဂတိတ်စိတ်လို့..
“ခင်ဗျားတို့ကို ကျနော်ထုဆစ်ထားတဲ့ ကျနော့ရဲ့ပုံရိတ် အကြောင်းပြောပြမယ် နားထောင်မလား”
ကိုညီအောင်က တိတ်စိတ်မှုကို စတင်ဖျိုခွင်းလိုက်တော့ကျနော် တို့အားလုံးခေါင်းထောင်သွားတယ်။ ခေါင်းစဉ်လေးက ကဗျာဆန် နေ တော့ ကျနော်စိတ်ဝင်စားမိသလို ကိုထွေးနဲ့ကိုထွန်းရှိန်တို့ မျက်လုံးတွေလည်း အရောင်တောက်လာတယ်၊ ကိုညီအောင်က ပြောမယ် ဆို တော့မေးမှာမဟုတ်ဘူးမမေးတော့ကျနော်တို့လည်း ဖြေစရာမလိုဘူး ရေနွေးကျမ်းလေးထိုင်သောက်ရင်းနားထောင် နေရုံ လွယ်လွယ်လေ ဘာလို့ငြင်းရမှာလည်း ။
“ဟုတ်ကဲ့ ပြောပါကိုညီအောင် ကျနော်စိတ်ဝင် စားတယ်” ဆိုတော့ကိုထွေးရော ကိုထွန်းရှိန်ကပါ လိုလိုလားလားထောက် ခံကြတယ်၊
“ပြောလေဗျာ ကျနော်တို့လည်း ဗဟုသုတ ရတာပေါ့”
“ဒီလိုဗျ”
ကိုညီအောင်စကားအစပျိုးပြီး လက်ထဲက လက်ကျန်ရေနွေး ကျမ်းကို မော့လိုက်ပြီး၊
“ကျနော် ဘန်ကောက်ရောက်တော့ ကျနော့အခန်းဘေးကအခန်းမှာ ရန်ကုန်သား ကိုပြေသာ ဆို တဲ့လူတစ်ယောက်နေတယ်ဗျ ကျနော်လည်းရောက်စဆိုတော့ ဘယ်မှမသွားတက်မလာတက်ဆိုတော့ အားရင်တစ်ခါတလေ သူအခန်းဘက်သွားလယ်ဖြစ်တယ် တီဗီသွားကြည့်တာပါ ၊သူ ကကျနော့ထက်နှစ်နှစ်လောက်ကြီးတယ်ဗျ ဒါပေမဲ့စကားပြောရင် တော်တော်ယဉ် ကျေးတယ်ဗျ၊ ကျနော့ ကိုလည်း မင်,ငါ လို့ သုံးပြီးတော့ ဘယ်တော့မှမပြောဘူးဗျ ကိုညီအောင်လို့ပဲခေါ် တယ်၊ကျနော်နဲ့ အတော်လေးရင်နီး လာတော့ ကျနော့ကို ညီ အောင်လို့ပဲခေါ်ပါ ကိုညီအောင်လို့ခေါ်တာ ကျနော်အားနာတယ် ဗျ မနေတက်ဘူးလို့ပြောတော့ ကိုပြေသာက ကျနော့ကို ဒီလိုရှိ တယ်ဗျ ကိုညီအောင်ရ လူတိုင်းက ကိုယ့်ကိုကိုယ် လူတွေက အလေးပေးပြီး ရိုရိုသေသေဆက်စံတာခံချင်ကြတယ် ။ကိုယ်ကို သူများတွေလေးလေးစားစားဆက်စံစေချင်ရင် ကိုယ်က အရင် လေးလေးစားစားဆက်စံရမယ်လို့ပြောတယ်ဗျ ကိုယ်ကလူများကို လေး စားမှုပြမှ လူများကလည်းကိုယ်ကိုပြန်လေးစားမှုပြမှာ ပေါ့ တဲ့။ ကိုယ်က အရင်ဘယ်လို ရီစပတ်က် ( respect) ပေးလဲ အဲ့ဒိ ရီစ ပတ်က်
( respect)ပဲ ကိုပြန်ရမယ်တဲ့ ”
ပြောပြာဆိုဆို သူရေတစ်နွေးတစ်ခွက် ထပ်မော့လိုက်သည်၊ အာခြောက်နေပြီပေါ့….
ကျနော်ဒီအယူကိုလက်ခံလိုက်တယ်၊ကျနော်တို့လေး ယောက်လုံးက သက် တူရွယ်တူတွေပါပဲ ဒါပေမဲ့ ကိုညီအောင်နဲ့ စတွေ့ကတည်းက ကိုညီးအောင်က ကျနော်တို့နာမည်အရှေ့မှာ ကိုတစ်လုံးအပိုတက်ပြီးခေါ်သလို စကားပြောရင်လည်း ကျနော် ၊ခင်ဗျားတွေသုံးပြီးပြော တော့ငါ၊မင်းဆိုတဲ့နာမ်စားတွေကိုကျနော် တို့ မသုံးရဲတော့ဘူး အရင်ကတော့သူ့ကိုအားနာလို့ပါ။ နောက် တော့လည်း အကျင့်ကောင်း လေးတစ်ခုရသွားတာပေါ့လေ… ကိုညီအောင်ပြောတဲ့ ရီစပတ်က်( respect)ပေါ့ဗျာ..၊
“အဟန်း”
ကိုညီးအောင်ချောင်းဟန့်တာလားလည်းချောင်းရှင်းတာလားတော့မသိဘူး ကျနော့ရဲ့ အတွေးတွေရုတ်တရက်မီးပွိုင့် မိသွားတယ်..၊
“ထားတော့ ကိုပြေသာနဲ့ ကျနော်နှစ်ဦးသဘောတူ ကျနော်/ခင် ဗျား တွေပဲသုံးနှုန်းကြတယ်ပေါ့ဗျာ…တစ်ရက် ကျနော်ကိုပြေသာ ရဲ့အခန်း သွားလည်တော သူ့စီကစာအုပ်တွေကို စိတ်ဝင်စားသ လားလို့မေးတယ်၊ကျနော်လည်း စာဖတ်ရမှာပြင်းတာနဲ့စာဖတ်ဖို့ အချိန်သိပ်မရှိပါ ဘူးဗျားလို့ပြောတော့ သူက ကျနော့ကို ကိုညီအောင်ရေ အချိန်ကို ကိုယ်က ကွန်ထရိုး( Control )လုပ်နိုင်ရမယ်တဲ့ အချိန်ရဲ့ ကွန်ထရိုးလုပ် တာကို မခန်ပါနဲ့တဲ့ဗျာ၊ ကျနော် လည်းသဘောမပေါက်တော့ ဘားကိုဆိုလိုတာလည်းလို့ မေးတော့ သူက ကိုညီးအောင်မှာအချိန်တွေ အများကြီးပိုနေတာ ကိုညီအောင်မမြင်လို့ပါတဲ့၊ ဥပမာဗျာ ခင်ဗျားအလုပ်သွားဖို့ ကား စောင့်နေတဲ့အချိန် ဒါမှမဟုတ်ကားစီးနေတဲ့အချိန်မှာ ဟိုဒီငေး လုပ်နေမယ်၊ ဒါမှမဟုတ်အိပ်နေမယ်ဆိုတာထက် စာအုပ်လေး တစ်အုပ်ဖြစ်စေ တစ်ပိုဒ်ဖြစ်စေဖတ်လို့ရပါတယ်ဗျာတဲ့။ ပြီးတော့ အိမ်သာတက်နေချိန်ဆိုရင် ခင်ဗျားမှာ မျက်လုံးကောလက်ကော အားနေတာပဲ အချိန်လည်း အားနေတာပဲစာဖတ်လို့ရတဲ့အခွင့်အ ရေးပါ့ ၊ခင်ဗျာအိမ်သာထဲမှာဖုန်းတော့ပြောနေမှာမဟုတ်ဘူးထင်တယ်ဗျ.. ပြီးတော့ အလုပ်ပြီးလို့ ကိုယ့်အခန်းကိုပြန်လာတဲ့အခါညစာထမင်းဟင်း ချက်နေချိန်မှာ အနည်းဆုံး စာတစ်ပုဒ်လောက်တော့ မှတ်မိအောင်ဖတ်နိုင်တယ်လေ အိပ်ချိန်တွေထဲကရော ဖုန်းပြောမဲ့အချိန်တွေထဲက ရော တနေ့ကို ၄၅မိနစ်လောက်ပဲ လျှော့ပြီစာအုပ်ဖတ်ကြည့်ပါလား ခင်ဗျားအတွက် အများကြီး အကြိုးရှိလာမှာပါဗျ.. ခင်ဗျာစာအုပ်တွေ ဖတ်ချင်ရင် ကျနော့စာအုပ်တွေအချိန်မရွေးလာယူနိုင်ပါတယ်တဲ့”
ကိုညီအောင် စကားရပ်ပြီးရေနွေးတစ်ခွက်လုံးကုန်အောင်မော့ ပြန်သည်၊၊ ကျနော့ အတွေးတွေ တစ်ချက်လင်းသွားတယ် ဒါဖြစ်နိုင်တဲ့အရိုး ရှင်းဆုံးနည်းလမ်းပါလာ.. ကျနော့ရင်ထဲ ကလိကလိဖြစ်လာတုန်း ကိုညီအောင့်ချောင်းဟန့်သံက ကျနော့ကို တားစည်းလိုက်ပြန်တယ်။ “ကျနော်ကျောင်းနေချိန်တုန်းက ကျောင်းစာကလွဲလို့ တခြားဘာစာအုပ်မှမဖတ်ဘူးတော့ကိုပြေသာကိုကျနော်ပြန်မေးလိုက်တယ်၊ စာအုပ် တွေဖတ်တာဘာများအကျိုးထူးလာမှာ လည်းဗျ” ဆိုတော့ ကိုပြေသာက “ဥပမာဗျာ ခင်ဗျာ ပြင်သစ်နိုင်ငံသွားချင်တယ်ဗျာ ချင်ဗျားမှာအဲ့ဒီ ကိုသွားနိုင်ဖို့ ငွေမရှိဘူး၊ ငွေမရှိတော့ အလွယ်တကူရှာလို့ရတဲ့ ပဲရစ်မျှော်စင်ပုံပဲ အရသာခံကြည့်နေတာထက် ပြင်သစ်နိုင်ငံအကြောင်းရေး ထားတဲ့ စာအုပ်ကိုရှာဖတ်မယ်ဆိုရင် စာအုပ်ထဲမှာ ပဲရစ်မျှော်စင်အကြောင်းရော ပြင်သစ်နိုင်ငံဖြစ်ပေါ်လာပုံတွေ သဘာဝ ပတ်ဝန်းကျင်နဲ့ လူနေမှုစရိုက်သဘောသဘာဝ အကြောင်းရော ပြင်သစ်နိုင်ငံရဲ့ သမိုင်းကြောင်းတွေပါ ပြည့်ပြည့်စုံစုံသိလာရတော့ ခင်ဗျားစိတ်ထဲမှာ ပြင်သစ်နိုင်ငံကို မျက်ဝါးထင်ထင်မြင်နေရပြီ လေ၊ တကယ်လို့ ခင်ဗျားမှာငွေရှိလာလို့ ပြင်သစ်နိုင်ငံကို အလည်သွားမယ်ဆိုပါစို့ ပြင်သစ်နိုင်ငံအကြောင်းတော်တော်များများသိထားတဲ့ခင်ဗျားအတွက် အရာရာဟာ မစိမ်းတော့ဘူးပေါ့ဗျာ အဲ့သလိုပဲ တစ်ဆင့်တက်ပြီးဘာသာရေးတွေ၊ နိုင်ငံရေးတွေ၊ အထ္ထုပ္ပတ္တိတွေ၊ ရသစာအုပ်တွေအကုန်သာဖတ်ပေါ့ မှတ်စရာရှိတာလည်းမှတ် ဖြတ်စရာရှိတာလည်းဖြတ် ဒါဆိုခင်ဗျား ဘ၀တသက်စာမှာ မလုပ်ဖူးတာပဲရှိမယ် မသိခဲ့ရတာတော့ နည်းသွားပြီပေါ့တဲ့၊ သူပြောသလို ကျနော်လုပ်ကြည့်တယ် အခုကျနော် လက်ခံလာရုံတင်မကဘူး သဘောပါတူလာလို့ ခင်ဗျားတို့ကို စာဖတ်စေချင်လို့ တိုက်တွန်တာပါဗျာ”
ကိုညီအောင်မောသွားပုံရသည်သက်ပြင်းရှည်ချသံထွက်ပေါ်လာ၏ ၊ တ၀ိုင်းလုံးကတော့ တိတ်စိတ်လို့…. ကျနော်ကိုညီအောင့်ကို ရေနွေးငဲ့ပေးနေတုန်း ကိုထွေးက အားမ နာပဲ မေးခွန်းထပ်ထုတ်လာသည်။ “စာအုပ်တိုင်းကကျနော်တို့အ တွက် အကျိုးရှိလို့လားဗျ”ဆိုတော့ ကိုညီအောင်က“စာအုပ်တိုင်း လည်း မကောင်းပါဘူးဗျာ တစချို့စာအုပ်တွေက ကိုယ့်ပတ်ဝန်း ကျင်တွေနဲ့ အယူဝါဒ မတူတာလေးတွေရှိသလို တစ်ချို့စာအုပ် တွေက ကိုယ့်ကိုကိုယ် ညှင်းပမ်းသလိုဖြစ်စေနိုင်တဲ့ ဘာသာရေး အယူသည်းမှု နိုင်ငံရေးတစ်ဖတ်ဇောင်းနင်းမှု စတဲ့ အဆိပ်အ တောက်စာတွေလည်းရှိတာပေါ့ဗျာဒါတော့သတိထားပြီးဖတ်ရတာ ပေါ့ဗျာ”
ကိုညီအောင်ကရေနွေးအိုးကိုကိုင်ကြည့်တော့ပေါ့ပါးနေတဲ့ရေ နွေးအိုးလေး စားပွဲပေါ်က ကြွတက်ပါလာသည် ၊ကိုထွန်းရှိန်က အလိုက်သိစွာနှင့်စားပွဲထိုးကောင်လေးအားရေနွေးနောက်တစ်အိုး လှန်မှာလိုက်တော့ စားပွဲထိုးကောင်လေး မျက်နှာသိပ့် မရွှင် တော့ဘူး၊လက္ဘရည်တစ်ခွက်မှာပြီး ရေနွေးကျမ်းတွေလိမ့် သောက် စကားတွေလည်းနားမခံသာအောင် ဖေါင်းပွ၊ အဲ့လိုလူ တွေကို ဘယ်သူကမှမကြည်၊ ဒီအိုးနဲ့ဆို လေးအိုးမြောက် ဖြစ်နေ ပြီလေ….
ကိုတွေးမေးခွန်းထပ်စတယ်“ဘယ်စာအုပ်ကကျနော်တို့အ တွက် အကျိုးသက်ရောက်မှူအရှိဆုံးလဲဗျ ကိုညီအောင်” ကိုကိုညီကလည်းမဆိုင်းတွပဲ.“ကိုထွေးအတွက်ချက်ချင်းအကျိုးသက်ရောက်မှူ့ရှိတဲ့စာအုပ်တွေရှိတယ်လေ…အချစ်ဝတ္တုစာအုပ် တွေနဲ့ဆရာကြီးကောင်းသန့်ရေးထားတဲ့ချစ်သူဖတ်ဖို့ဆိုတဲ့စာ အုပ်တွေဖတ်ပြီးကိုထွေး ပျိုးနေတဲ့မိန်းခလေးစီက ချစ်ရနံ့သင်း သင်းလေး ပြန်ရအောင် စကားလုံးနုနုလေးနေတွေ အတုခိုးပြီး ပေါင်းသင်ပေးလို့ရတာပေါ့ ကလေးတွေဘာတွေရတော့လည်း ဆရာကြီးကောင်းသန့်ရေးထားတဲ့ သားသားဖတ်ဖို့တို့သမီးလေး ဖတ်ဖို့ တို့ကိုဖတ်ပြီးမိသားစုဘ၀ နွေးထွေးခွင့်ရတာပေါ့ဗျာစီးပွား ရေး စာအုပ်တွေလည်း ကျနော်တို့ ခင်ဗျားတို့ကို ဆင်းရဲတွင်းထဲ ကထွက်ဖို့ လမ်းစပေးပါလိမ့်မယ်….. ကျန်းမာရေးစာအုပ်တွေက အရေးပေါ်သူနာပြုနည်းတွေ ၊ ဆေးရုံဆေးခန်းတွေ မသွားရပဲတ ချို့ဝေဒနာတွေကို ကိုယ့်ဖာသာကုသနိုင်ဖို့နည်းလမ်းတွေ ရမယ်၊ ကိုယ်မသိတဲ့ကိုယ့်ရဲ့ခန္နာကိုယ်ပြောင်းလဲမှူဖြစ်စဉ်တွေက ကင် ဆာရဲ့ နိမိတ်လား ဘာရောဂါရဲ့လက္ခဏာလည်း သဘာဝအ လျှောက်ပြောင်းလဲမှူလား ဆိုတာခွဲခွဲခြားခြားသိလာရမှာပေှါ့ဗျာ” ကျတော့်စိတ်တွေယောက်ယက်ခတ်စပြုလာပြီး ကိုကိုညီစကား တွေက ကျနော့်အတွက်တော့မီးတစ်စပါပဲ.. ကျနော်လည်းကို ညီအောင်လို အစန်းစာဖတ်ချင်လာတယ်၊ကိုထွန်းအောင်က တစ်ခန်းထပ်လာသည်။ “ကိုညီအောင်ရဲ့ပြောပြချက်တွေက ကောင်းသလိုတော့ရှိ တာပဲ ဒါပေမဲ့ဗျာ စာအုပ်တွေထဲမှာ ဘာ သာရေးစာအုပ်တို့ နိုင်ငံရေးစာအုပ်တို့ဆိုတာ ကျနော်တို့ မဖတ် သင့်ဘူးထင်တယ်ဗျာ ကျနော်တို့က ဒီမှာအလုပ်လုပ်နေရအုံး မှာလေ ဗမာပြည်ကကျနော်တို့ကို စောင့်မျှော်စား လုပ်နေရတဲ့ ကျနော်တို့မိဘ၊မောင်နှမတွေအတွက် အသက်ရှင်ရအုံးမှာဆို တော့ဒီစာပေနှစ်မျိုးကကျနော်တို့ရဲ့စိတ်တွေကိုဒုက္ခပေးလိမ့်မယ်ဗျ” လို့ကိုထွန်းအောင်ပြောလာသည်။ သူတွေးတာဖြစ်နိုင်သည်၊ ကိုထွန်းအောင် ဘော်လုံးဂျာနယ်တွေ ဘော်လုံးပွဲလာတဲ့ ချန်လ်နယ်တွေ တစ်ခုမှအလွတ်မပေးဘူး အားတာနဲ့သူဒါပဲလုပ်နေကြ ထမင်းမေ့ဟင်းမေ့ပါပဲ။ ကိုကိုညီ ရေနွေးခွက်ချပြီးစကားလာသည်၊ “ဒီလိုလေဗျာ ကိုထွန်းအောင် ဘာသာရေး စာအုပ်တွေဖတ်တိုင်းလည်း တရားသမားကြီး လုံး လုံးဖြစ်မသွားပါဘူး၊ဘာသာရေးစာအုပ်တိုင်းလည်းဘုန်းကြီးတွေ ရေးထားတာ မဟုတ်ပါဘူးဗျား ဒေါက်တာမင်းတင်မွန်ဆိုတာ ဘုန်းကြီးမဟုတ်ပါဘူး ကျနော်တို့လိုလူပုဂ္ဂိုလ်ပါပဲ နာမည်ကြီး တဲ့ဘာသာရေးစာအုပ်တွေ အများကြီး သူရေးထားတာရှိတယ် လေ… ဘာသာရေးစာအုပ်တွေဖတ်တိုင်းတော့ တရားသမားလုံး လုံးမဖြစ်နိုင်ပေမဲ့ တရားသဘောကိုတော့ကြိုပြီးနားလည်ထားရ တာပေါ့၊ကိုယ်မှာအသက်ကကြီးကြီးလာမှာလေဗျာ အသက် လည်းကြီးလာပြီ ငွေရေးကြေးရေးလည်းပြည့်စုံလို့ တရားသမား ပဲလုပ်မယ်ဆိုရင်လည်း တရားရဲ့ သဘောတရားတွေ ကိုယ့်မှာ အခြေခံရှိနေပြီးသားဖြစ်တော့ ပိုလွယ်တာပေါ့ဗျာ၊ ဒီလိုပဲနိုင်ငံ ရေးစာအုပ်တွေဖတ်တိုင်းလည်း နိုင်ငံရေးသမား လုံးလုံးဖြစ်မ သွားပါဘူး၊ နိုင်ငံတစ်ခုရဲု့ နိုင်ငံသားတွေရဲ့ခံစားပိုင်ခွင့် ဥပဒေတွေ နိုင်ငွသားတစ်ယောက်ရဲ့စောင်ရန်ရှောင်ရန်တွေ..နိုင်ငံရေးသမား တွေရဲ့ နိုင်ငံရေး ကစားကွက်တွေကို တော့သိရတာပေါ့ ၊ ဥပမာ ဗျာ နိုင်ငံရေးစာအုပ်တွေဖတ်ထားတော့ အခြေခံဥပဒေ ဆိုတာ တွေကိုလည်းနားလည်လာမယ်၊လူသားတိုင်းရရှိရထိုက်တဲ့လု့အ ခွင်းအရေးတွေအကြောင်း၊ အုပ်စိုးသူ အစိုးရကြောင့် လူမှု့ပတ် ၀န်းကျင်မှာဖြစ်ပေါ်နေတဲ့ ပြည်သူတွေရဲ့ နှစ်နှာမှုတွေ ဆုံးရှုံးမှု တွေ ဘယ်လိုကာကွယ်ရမယ် ဘယ်လိုအထောက်အကူပေးရ တယ် ဆိုတာတွေသိလာရတာပေါ့ ဗျာ” ။
ကိုညီအောင်က ကျနော်တို့ကို မျက်လုံးဖွင့်ပေးနေတာပါလား…. ကျနော့အတွေးမဆုံးလိုက် ကိုထွေးရဲ့မေးခွန်းစလာသည်။ “အထ္တုပ္ပတ္တိ စာအုပ်တွေကရော ကျနော်တို့အတွက် ဘာတွေ များ အကျိုးရှိနိုင်မှာလည်းဗျ” ကိုညီအောင် ပြုံးလာသည်၊ရေနွေး တစ်ခွက် သောက်လိုက်ပြီး “အထ္တုပ္ပတ္တိ စာအုပ်တွေထဲကအဓိက အားသာချက် တစ်ခုကိုပြောပြရရင်တော့ သဘောတစ်ခုဗျာ၊ ခင် ဗျား နာဇီတွေရဲ့ခေါင်းဆောင်ကြီး ဟစ်သလာ အကြောင်းဖတ်မိ တယ်ဆိုရင် ဟစ်သလာက တောကျုံအုံကြားက သာမှန် ပန်းချီ ဆရာတစ်ယောက်ကနေ ဂျာမနီနိုင်ငံရဲ့ စစ်သေနာပတိကြီးအထိ ဘယ်လိုဖြစ်ပေါ်လာတယ် ဂျူးလူမျိုးသန်းပေါင်းများစွာကို ဘယ် လို သက်ပြစ်တယ်၊ဘာကြောင့်သက်ရတယ် ဆိုတဲ့အကြောင်း တွေ ခင်ဗျားသိလာမယ်၊ ဒါဆို ခင်ဗျားဟစ်သလာရဲ့ကျိုးစားအား ထုတ်မှုတွေ ရက်စက်ကျမ်းကျုတ်မှုတွေကို ခင်ဗျားရင်ထဲမှာခံစာ ချက်းအမျိုးမျိုးနဲ့ ရင်ထဲမှာအသိတစ်ခုခုရရှိလိုက်မှာပေါ့ နောက် တစ်ခု မာသာထရီစာရဲ့ အထ္တုပ္ပတ္တိ ကိုဖတ်မိမယ်ဆိုရင် အင်္ဂလန် က သာမန်သီလရှင်မလေးက ဆင်းရဲချမ်းသာမှု့မညီမျှတဲ့အန္ဒိယ နိုင်ငံမှာ ပတ်ဝန်းကျင်လု့အတိုင်းအ၀ိုင်းက စွန့်ပယ်ထားတဲ့အနာ ကြီးရောဂါသည်တွေကိုဘယ်လိုကုသပြုစုဆောင့်ရှောက်ခဲ့တယ် ဆိုတာတွေ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယာနိုင်ငံသွားပြီ AIDS ရောဂါ ဝေဒနာသည်တွေကို ဘယ်လိုပြုစုခဲ့သလဲ ဆိုတာတွေ ကမ္ဘာမှာ မာသာထရီစာရဲ့ ဂရုနာဆေးခန်းတွေ ဘယ်လောက်အ ထိဖွင့်ထားနိုင်ခဲ့တယ် ဆိုတာတွေကို ကြည်နူးအားကြစရာတွေ ဖတ်မှတ်မိတာပေါ့ ခင်ဗျားစိတ်တွေ အရင်ကထက်ပိုနုညံ့လာ မှာတော့ သေခြာပါတယ်ဗျာ”။
ကျနော့စိတ်တွေ ရောက်ယက်ခတ်နေတော့တာပါပဲ စာအုပ်တွေ တကယ်ပဲ ဒီလောက်စွမ်းသလားဗျာ ကျနော် သိချင်လာတယ် မာသာ ထရီစာရော ဟစ်သလာရော နောက်ထက်တခြားသူတွေ လည်းရှိအုံးမှာ..ကျနော် စာဖတ်ခြင်စိတ်တွေ တစ်ဖွဖွပေါ်လာ တယ် ဒါကြောင့် ကိုညီအောင်ကို ပထမဆုံးမေးခွန်းထုတ်လိုက်တယ် …
“ကိုညီအောင်ရေ ကျနော်တို့ကသူများနိုင်ငံမှာအလုပ်လာ လုပ်နေရတာ ဆိုတော့ ကိုယ့်နိုင်ငံလိုမြန်မာစာအုပ်တွေရှာဖတ်လို့ ဘယ်ရမလဲ မြန်မာပြည်က မှာရအောင်လည်းကျနော်တို့က မရှိ လို့ ဒီမှာလာလုပ်စားနေရတာဗျ စာအုပ်ဝယ်ဖတ်နိုင်ဖို့ဝေးပါသေး တယ်ဗျာ.. ကိုညီအောင်ကျနော့ကို စာအုပ်တွေရှာပြီးငှားပေးရင် ကျနော်ဖတ်မယ်ဗျာ”
ဆိုတော့ ကိုထွေးရော ကိုထွန်းရှိန်ကပါ ကျနော့ဘက်ပါလာတော့..
“ကျနော်တော့ ခင်ဗျားတို့ကိုရှာမပေး နိုင်ဘူးဗျာ.. ခင်ဗျားတို့ တကယ်စိတ်ဝင်စားလာရင်တော့ ဘန် ကောက်မှာ စာပေမြတ်နိုးတဲ့ လူငယ်တွေ ၊ ဦးဇင်းတွေကဖွင့်ထားတဲ့ စာကြည့်တိုက်တွေ ရှိတယ်ဗျ ဘန်ကောက်မြို့ ပသူနမ်း နာလေးမှာ အလင်းရောင်စာကြည့်တိုက်ရှိတယ်၊ စကူဝစ် ၆၃ မှာ ဦးဇင်တွေဖွင့်ထားတဲ့ ပညာပါရမီ စာကြည့်တိုက်ရှိတယ် ဘန်းဘော ပါကပေါင်စက်ရုံနားမှာ ယာယီစံကျောင်းဆိုပြီး လူ ငယ်တွေဦးဇင်းတွေနဲ့ပေါင်းပြီးဖွင့်ထားတဲ့ စာကြည့်တိုက်ရှိတယ် မဟာချိုင်မှာ အလုပ်သမားတွေပေါင်းပြီး ဖွင့်ထားတဲ့ အလင်းပြ ကြယ်စဉ်နဲ့တခြားအဖွဲ့အစည်းတွေဖွင့်ထားတဲ့စာကြည်တိုက်တွေ အများကြီးရှိတယ်. စမူပရာကန်မှာ စက်ရုံအလုပ်သမားတစ်စုက ကိုယ်ထူကိုယ်ထစနှစ်နဲ့ဖွင့်ထားတဲ့ရွှေတခါးစာကြည့်တိုက်နဲ့တ ခြား ကျနော်အမည်မသိသေးတဲ့ စာကြည့်တိုက်သေးသေးလေး တွေ ၁၀လုံးကျော်ရှိသေးတယ်ဗျ၊ ကိုယ်နဲ့နီးစပ်ရာစာကြည့်တိုက် တွေမှာ အသင်းဝင်ပြီးသွားဖတ်ပေါ့ဗျာ ”ဆိုတော့ကျနော်တို့အား တက်သွား တယ် “ဒါတို ကျနော်တို့ ဘယ်စာကြည့်တိုက်မှာမဆိုအသင်းဝင်လို့တာပေါ့နော်.. စာကြည့်တိုက်အသင်းသားတစ်ယောက်ဖြစ်ဖို့ ဘယ် လိုအရည်အချင်းတွေ ရှိဖို့လိုအပ်လည်းဗျ”
ကျနော့ရဲ့မေးခွန်းကို ကိုညီအောင်သဘောကျ သွားသလို လေးလေးနက်နက်စဉ်စားရင်း….
“ကျနော်လေ့လားထားသလောက်ဆိုရင်တော့ စာဖတ်အသင်း သားတစ်ယောက်မှာ ရှိရမဲ့ အဓိကလိုအပ်တဲ့အချက်က လေးမျိုး ပဲရှိတယ်..
၁.စာအုပ်တွေကို ငှါးပြီးသက်မှတ်ထားတဲ့ ငှါးရမ်းပိုင်ခွင့်ရက်ထက်မကျော်စေပဲ မစုပ်မပျဲပြန်အပ်သူက စာကြည့်တိုက်ကို လေးစာ သူဖြစ်တယ်။
၂.စာကြည့်တိုက်မှာ ပုံမှန်လစဉ်ကြေးတွေထည့်မယ်၊ အခွင့်သင့် တိုင် ကိုယ်ဖတ်ပြီးစာအုပ်တွေ ဒါမှမဟုတ် အသစ်တွေလှူ တယ်ဆိုရင် စာကြည့်တိုက်ကို ပိုမိုတိုးတက်စေလိုတဲ့ ဆန္ဒရှိသူ ဖြစ်တယ်။
၃.စာကြည့်တိုက်မှာ စာအုပ်တွေငှါးဖတ်ရုံသက်သက်ပဲမဟုတ်ပဲ စာကြည့်တိုက်မှာ လိုအပ်ရင်လိုအပ်သလို လုပ်အား၊ငွေအား ပံ့ပိုးပေးမယ်၊ လိုအပ်တဲ့အကြံတွေပေးမယ်၊ သူငယ်ခြင်းတွေကိုလည်းစာဖတ်ဖို့ တိုက်တွန်းမယ် ဆိုသူကတော့ စာပေးကိုတန်ဖိုးထားပြီး မိမိရဲ့စာကြည့် တိုက်ကို ချစ်မြတ်နိုးသူဖြစ်တယ်။
၎.စာကြည့်တိုက်မှာ အသင်းသားတစ်ယောက်လိုနေတာထက် စာအုပ်တွေကို မပျက်စီးအောင် ၀ိုင်းဝန်းကာကွယ်ပေးမယ်၊ ပြုပြင်ပေးမယ် ၊မိမိပတ်ဝန်းကျင်မှာလည်း စာကြည့်တိုက်မဟုတ်တောင် စာဖတ်ခန်းလေးဖြစ်အောင် ရိုးရိုးသာသားလုပ်မယ်ဆိုတဲ့သူက စာကြည့်တိုက် အပေါ်မှာရော ပတ်ဝန်းကျင်အပေါ်မှာပါ တန်ဖိုးရှိတဲ့ စာပေ၀န်ထပ်း ကောင်းတစ်ယောက်ဖြစ်တယ်။
ဒီအချက်လေးချက်ထဲက တစ်ချက်မှကိုယ်နဲ့မကိုက်ညီနိုင်ဘူးဆိုရင်တော့ စာဖတ်အသင်းသားမလုပ်တာပဲကောင်းပါတယ်”
ကိုညီအောင်ရဲ့ ပြောပြချက်က စာဖတ်အသင်းသားတစ်ယောက်ဖြစ်ဖို့ ဘာမှမခတ်ပါလား ကျနော်တော့ သူပြောတဲ့ အချက်တစ်ခုမဟုတ် တောင်အနည်းဆုံးနှစ်ခုတော့ လုပ်မယ်လို့ တွေးနေတုန်း ကိုညီအောင်ထပ်ပြီးစကားစလာတယ်။
“ဒါပေမဲ ခင်ဗျားတို့ကိုအရေးအကြီးဆုံးမှာစရာတစ်ခုရှိတယ်ဗျ အဲ့ဒါကတော့ဗျာ စာအုပ်တွေငှားပြီးရင် စာကြည့်တိုက်တွေရဲ့ ငှားယူနိုင်ခွင့် သက်မှတ်ထားတဲ့အချိန်မှာ ပြန်အပ်ရမယ်နော်.. ကြိုက်လို့ပြန်မအပ်ပဲထားတာမျိုး ရှားပါစာအုပ်မို့လို့ ခိုးယူထား တာမျိုး မလုပ်သင့်ဘူးဗျ စာအုပ်တွေပြန်မအပ်ပဲခိုးယူမိတာက လောကကြီးမှာ မိမိကိုယ်ကိုယ် သိမ်အငယ်ဆုံးလူသားတစ်ယောက်ဖြစ်အောင် ကျူးလွန်မိတဲ့ ဇာရိတ္တဖျတ်မှုကြီးပဲဗျ.. ကိုယ်စာဖတ်တဲ့အကြောင်း သူများကို ပြောမိတိုင် ကိုယ်စာအုပ်ခိုးထားမိတာ ပြန်ပြန်မြင်ရောင်လာပြီး ကိုယ်ကို ကိုယ် လိပ်ပြာမလုံတဲ့ရောဂါခံစားရသလို စာအုပ်တွေ မြင်တိုင်း မသိစိတ်က ရှက်စိတ်ခိုးခိုးပြီးဝင်လာတက်တယ်ဗျ တော်တော်စိတ်ညစ် စရာကောင်းတဲ့ စိတ်ဖိစီးမှုကြီးခံစားရတက် တယ်ဗျ ပြီးတော့ ကျနော်သိထားသလောက်ကတော့ အဲ့ဒိ စာ ကြည့်တိုက်တွေဟာ စာကြည့် တိုက်ဖြစ်လာဖို့ တစ်နှစ်၊နှစ်နှစ် လောက်ကို ကျိုးစာပန်းစာ တည်ထောင်ထားရတာ ကျနော်တို့ ခင်ဗျာတို့လို အလုပ်သမားတွေကချွေးနည်း စာတွေစုစုပြီး စာ အုပ် အသစ်ကလေးဝယ်လိုက် အဟောင်းလေးတွေအလှူခံ လိုက်နဲ့ လူအများအလွယ်တကူစာဖတ်နိုင်မဲ့ စာကြည့်တိုက် လေး တည်ဆောက်ထားကြတာဗျ ကျနော်ကိုယ်တိုင်တောင် အဲ့ဒီလို မလုပ်နိုင်သေးဘူးဗျ သူတို့တွေရဲ့ စာအုပ်တွေမှာ စာ အုပ်ရဲ့ရသ တင် မဟုတ်ဘူး စေတနာ မေတ္တာရဲ့ အငွေ့အသက် တွေပါ ပါနေတယ်ဗျာ”ကိုညီအောင်ပြောပြောဆိုဆိုနှင့် ရေးနွေး အိုးကိုလှန်းကိုင်လိုက်တော့ ရေနွေးကကုန်နေပြီ၊ ရေနွေးမှာ မယ်ကြံတုန်း ဘယ်အချိန်က ချောင်းနေလည်းမသိတဲ့စာပွဲးထိုး လေက အနားရောက်လာပြီး “အကိုတို့ ရေ နွေးလည်းကုန်ပြီ ဆိုင်လည်းပိတ်တော့မယ်” လို့လာသတိပေးမှ ကျနော်တို့အားလုံး မတိုင်ပင်ရပဲ ဆိုင်ရဲ့နရံက တိုင်ကပ်နာရီကိုပြိုင်တူ လှန်းကြည့်တော့ ၁၁နာရီခွဲနေပြီ…….
အားလုံးကိုယ့်အခန်းကို လမ်းခွဲပြန်ကြတော့ ကျနော့ဦး နှောက်ထဲမှာ ကိုညီအောင်ပြောခဲ့တဲ့စကားတွေ ဘောင်ဘင်ခတ်နေ တယ်၊စိတ်တွေကလည်းတာဝေးပြေးထွက်သွားလိုက်နောက် ကြောင်းပြန်လိုက်နဲ့ ကျနော့မျက်လုံးတွေကလည်း စည်းချက် မညီတဲ့ ကျနော့ခြေတောက်တွေကိုပဲ စိုက်ကြည့်နေတာလား?
အရှေ့က လမ်းမကြီးကိုပဲကြည့်နေတာလား..?
လမ်းမကိုကြော်ပြီးဟိုးအဝေးကိုမျှော်ကြည့်နေတာလား.. ? ဝေမခွဲတက်တော့…….ကျနော်ဖျုန်းလိုက်တဲ့အရင်က ကျနော့်ရဲ့ ကိုယ်ပိုင် အချိန်တွေကို နှမျောရမှာလား လာမဲ့အချိန်အသစ်တွေအတွက် သင်ခန်းစာယူရမှာလား ကျနော်ဝေခွဲရခတ်ရင်း.. အခိုင်အမာ စိတ်ဒုန်း ဒုန်းချ ဆုံးဖြတ်လိုက်တယ်၊ကိုညီအောင်လိုပဲ ကျနော်လည်း ကျနော်ထုဆစ်ထားတဲကျနော့ရဲ့ပုံရိပ်ကို ရုပ်လုံးဖေါ်တော့မယ်လို့……..။
ကျနောကျနော်၏ မိတ်ဆွေများရော၊သူငယ်ချင်းများရော၊စာဖတ်ပရိသက်များ အားလုံးကိုပါ အစဉ်လေးစာလျှက်
စံဂျူး မတ် 26.2011(10.မေ.2012)
See More
· ·

အဟာရ


အဟာရ
စံဂျူး (9.မေ.2012)
လက်ဆက်တဲ့အသီးအရွက်တိုင်းမှာ
ဗီတာမင်တွေပါတယ်။(အေတူဇက်)
သတင်းတိုင်းမှာ
အသိပေးမှုနဲ့ အသိဥာဏ်တွေပါတယ်။
မလက်ဆက်တဲ့ အသီးအရွက်တွေက
ကျန်းမာရေးကို အန္တရယ်ပြုတယ်။
ကောလဟာလ သတင်းတွေက
တွေဝေစိတ်နဲ့ ယုံကြည်မှုကို အန္တရယ်ပြုတယ်။
ဒီနေ့ ခူးထားတဲ့ အသီးအရွက်
အနောက်ကျဆုံး
မနက်ဖျန် ချရောင်းပါ။
ဒီနေ့ဖြစ်ပေါ်နေတဲ့ သတင်းမှန်
အနောက်ကျဆုံး
မနက်ဖျန် ညနေ မျှဝေပါ။
အသီးအရွက် အနွမ်းတွေနဲ့
သတင်းတပုဒ် အဟောင်းတွေက
ဘယ်သူကိုမှ အဟာရမပေးဘူး။
စံဂျူး (9.မေ.2012)

Tuesday, May 1, 2012

သားဖေဖေ

သားဖေဖေ: ဖေဖေ
ကလေးများသည် ပုံသွင်းခံရမည့်
ပစ္စည်းများ မဟုတ်
ဖွံ့ဖြို့ရှင်သန်လာအောင်
ပြုစု ပျိုးထောင်ပေးရမည့်
လူသားများသာ ဖြစ်သည်. . . တဲ့
Jess Lair ဆိုတဲ့
ပညာရှင်တစ်ဦးက
မိန့်မှာဖူးပါတယ်

ကျွန်တော့ကို ဖေဖေက
ပုံသွင်းခဲ့တာလား
ပြုစုပျိုးထောင်ခဲ့တာလား
ကျွန်တော့စိတ်ထဲမှာ
မသဲကွဲဘူး ဖေဖေ....


သား

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ချစ်ခင်လေးစားလျှက်..

Saturday, April 21, 2012

ကောင်းကင်ကို: “အလင်းဖြူ” တမ်းချင်း

ကောင်းကင်ကို: “အလင်းဖြူ” တမ်းချင်း